၂၃.၄.၂၀၂၄
Written By Thandar

ဘဝအမောတွေပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ “အပိုင်စား ” ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကို ယနေ့ ဧပြီ ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီကားက လွန်ခဲ့တဲ့ကိုဗစ်မဖြစ်ခင်ကာလက ရိုက်ကူးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ရွာတစ်ရွာမှာ ယုံကြည်လွယ်ကြသူ‌တွေ ရှိကြတယ်။ ဒီလိုသူတွေကို ကွင်းပိုင်ကြီး ၊ နတ်ဆရာ ၊ ထိုင်းမင်းသားစတဲ့သူတွေအကြွင်းမဲ့ ယုံကြည်မှုတွေနဲ့ ကိုးကွယ်ကြတာလည်းရှိတယ်လို့ ပြောလို့ရပါတယ်။ ဒီကားလေးက ပရိသတ်တွေ ဘဝအမောပြေစေမှာမို့ နှစ်ခြိုက်သဘောကျလိမ့်မယ်လို့ ထင်ပါတယ်” လို့ သရုပ်ဆောင် ကျော်ကျော်ဗိုက ပြောပါတယ်။

Bo Bo Film Production ရဲ့ ဒီဇာတ်ကားကို ဇာတ်လမ်း ဓနုတ်ကိုကိုဇော် ၊ ဇာတ်ညွှန်း သက်ဦးမောင် ၊ ဒီဒီထက် အောင် ၊ မင်းကိုစိုး(နတ်သံကွင်း) တို့က ရေးသားထားပြီးတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟက လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ် ၊ အကယ်ဒမီ ကျော်ကျော်ဗို ၊ ခင်လှိုင် ၊ ကျော်ထူး ၊ ဂျိုကာ ၊ လပြည့် ၊ ဇော်ဝင်းနိုင်(မန်း) ၊ အကယ်ဒမီ ခိုင်သင်းကြည် ၊ ခေးဆက်သွင် ၊ ပိုးကြာဖြူခင် ၊ ပိုးပိုးဂျူလိုင် ၊ စိစိ ၊ ဝက်မ ၊ ထိုင်းက ဟာသာသရုပ်ဆောင် Maya Sunsun နဲ့ Sitang Buathong စသူတွေနဲ့ ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။

“အပိုင်စား” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဧပြီ ၂၆ ရက်နေ့ကစပြီး မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *