နွေဦးတော်လှန်ရေးသုံးနှစ်ကျော်ကာလတွင် PDF ၄၂၀၂ ဦးအပါအဝင် သေဆုံးသူ ၁၂၆၁၇ ဦး ရှိခဲ့ဟု SRD ပြော

၂၃. ၄. ၂၀၂၄
Written by Nay Moe

နွေဦးတော်လှန်ရေးသုံးနှစ်အတွင်း ပုလော PDF အဖွဲ့တစ်ဖွဲ့တည်းက၂၈ ဦးသေဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းဖြစ်တဲ့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ပြောပါတယ်။

၂၀၂၁ ဇူလိုင်လမှာ စတင်ခဲ့တဲ့ မြိတ်ခရိုင် တပ်ရင်း (၁) ပုလော PDF တွေ အသေအများဆုံးတိုက်ပွဲက ၂၀၂၃ စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားတဲ့ ပိတပ်ရွာနဲ့လက္ကူးရွာကို နယ်မြေရှင်းစစ်ကြောင်းထိုးခံရချိန် ပုလော PDF အဖွဲ့ဝင် ၈ ဦးသေခဲ့တာဖြစ်ပြီး ၄ ယောက်ကတော့ ကိုယ့်ဘာသာမိုင်းထုတ်လုပ်ရင်း သေခဲ့ကြသလို အခြား ၁၆ ဦးကတော့ အကြိမ်ပေါင်း ၁၀၀ ကျော်ဖြစ်တဲ့ တိုက်ပွဲတွေမှာ သေကုန်ကြတာပါ။

ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အာဏာပဋိပက္ခနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေး (၃) နှစ်ကျော်ကာလ (၁ ဖေဖော်ဝါရီလ ၂၀၂၁ မှ ၁၆ ဧပြီလ ၂၀၂၄)အတွင်း PDF ၄,၂၀၂ ဦးနဲ့ အရပ်သားဆိုသူ ၈၄၁၅ ဦး အပါအဝင် စုစုပေါင်း ၁၂,၆၁၇ ဦး သေဆုံးခဲ့တယ်လို့လည်း Spring Revolution Database (SRD) က ပြောထားပါတယ်။

ဒါပေမဲ့လည်း NUG ယာယီသမ္မတဒူဝါလရှီးလကတော့ ၂၀၂၂ ခုနှစ်မကုန်ခင် တစ်နှစ်ကျော်အတွင်းကို သူတို့ PDF တွေက လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀၀၀၀ ကျော် သတ်ထားတယ်ပြောသလို SAC ရဲ့ စာရင်းအရလည်း PDF တွေက”ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ဆောင်သူစွပ်စွဲချက်နဲ့ သတ်ဖြတ်ထားတဲ့ သံဃာ၊ သီလရှင်၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူ၊ နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေးနဲ့ NLD ပါတီဝင်မဟုတ်သူ ၈၀၀၀ ကျော်ကို သတ်ဖြတ်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *