၂၃. ၄. ၂၀၂၄
Written By Thandar

အချစ် ဒရာမာ သရဲကားပုံစံ “ အချစ်က မီးလိုပဲ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဧပြီ ၂၃ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ မဟာဝိဇယဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းတွဲမှာ ပရိသတ်မထင်မှတ်ထားတဲ့ ဗန့်ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာပါ။ မ‌အေးမြတ်သူအပေါ်မှာ ကောက်ကျစ်တဲ့ သူပေါ့။ ဒီကားလေးမှာ ပရိသတ်တွေကို ရသစုံပါအောင် အချစ် ဒရာမာကိုမှ နောက်ပိုင်းလေးမှာ Horror ဇာတ်လေးနဲ့နှောပြီး ဖန်တီးထားကြမှာပါ။ ခုနောက်ပိုင်းအချိန်မှာ ဗီလိန်လို့ ဇာတ်တွေက ပရိသတ်လက်ခံလာတာမို့ ကျွန်တော် သရုပ်ဆောင်ရတာ အားတက်ရပါတယ်” လို့ အဆိုတော် သရုပ်ဆောင် ခိုင်နိုးက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ခွန်သာချိုက ရေးသားထားပြီးတော့ ဒါရိုက်တာကိုသောင်းက လာမယ့် မေလပိုင်းမှာ စတင်ရိုက်ကူးမှာဖြစ်ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ ခွန်သာချို ၊ ခိုင်နိုး ၊ အကယ်ဒမီ အေးမြတ်သူ ၊ သံစဥ်မိုးထက် ၊ အကယ်ဒမီ ခင်မို့မို့အေး ၊ အကယ်ဒမီ ဝါဝါအောင်နဲ့တခြား အနုပညာရှင်တွေလည်းပါဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *