၂၃. ၄. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တွင် တက္ကသိုလ် ပရဝဏ်နယ်မြေအတွင်း စခန်းချထားကြ သော အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြသမားများ၏ စခန်းကို ရဲတပ်ဖွဲ့က ဧပြီလ ၂၂ ရက်၊ ဒေသစံတော်ချိန် ည ၈ နာရီခွဲတွင် ဝင်ရောက်ရှင်းလင်းကာ ဆန္ဒပြသူအများအပြားကို ဖမ်းဆီးသွားခဲ့ကြကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ဆန္ဒပြသမားများတွင် တက္ကသိုလ်ကျောင်းသားများနှင့် မဟာဌာနမှလည်းပါဝင်ကြပြီး စုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ကျောင်းသားများကို လက်ထိပ်ခတ်ကာ ရဲကားများဆီသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးသူများတွင် တက္ကသိုလ်ပါမောက္ခများလည်းပါဝင်ကြောင်း သတင်းများကဆိုသည်။ ရဲတပ်ဖွဲ့က တက္ကသိုလ်ဝင်းအတွင်းရှိ Gould Plaza တွင် စခန်းချထားကြသော အစ္စရေးဆန့်ကျင်ရေးဆန္ဒပြသမားများ၏ စခန်းကိုပါ ရှင်းလင်းခဲ့ကြကာ ဆန္ဒပြသမားများကိုဖယ်ရှားခဲ့သည်။

ကိုလံဘီယာတက္ကသိုလ်နှင့် ​ယေးလ်တက္ကသိုလ်တို့တွင်လည်း ပါလက်စတိုင်းများကိုထောက်ခံ၍ အလားတူ စခန်းချဆန္ဒပြသူများကို ဝင်ရောက်ဖမ်းဆီးမှုများပြုခဲ့ပြီးနောက်တွင် နယူးယော့ခ်တက္ကသိုလ်၌လည်း ဤကဲ့သို့ ဖမ်းဆီးမှုများပြုခဲ့ခြင်းဖြစ်သည်။

Ref- New York Post

Leave a Reply

Your email address will not be published. Required fields are marked *