၂၃.၄.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့၊ စကားတောင်ရပ်၊ အုတ်ကြားလမ်းတွင် အရက်သောက်ပြီး ရေတွင်းထဲသို့ပြုတ်ကျသည့် အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ထံမှ သိရသည်။

ဧပြီလ ၂၃ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် အမျိုးသားတစ်ဦး အရက်အမူးလွန်ပြီး ရေတွင်းထဲသို့ ပြုတ်ကျသည့်အမျိုးသားကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ကယ်ဆယ်ရေးသမားများက ရေတွင်းထဲ၌ပြုတ်ကျနေသည့် အမျိုးသားကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

“အနီးအနားက လူတွေပြောချက်အရ အရက်မူးပြီး ပြုတ်ကျတာ။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာအနည်းငယ်ရတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ထံမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

အရက်မူးပြီး ရေတွင်းထဲပြုတ်ကျသည့်အမျိုးသားကို ပြည်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပရဟိတပါရမီမှ အရေးပေါ် ယာဥ်ဖြင့် ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)

Leave a Reply

Your email address will not be published. Required fields are marked *