၂၃. ၄. ၂၀၂၄
Written by Nay Moe

PDF တွေ၊ ပအဖ၊ ပကဖ တွေက သူတို့ပိုင်နက်နယ်မြေကို ဖြတ်သန်းလာတဲ့ ဆန်၊ ဆီ၊ ကုန်တင်ကားမျိုးစုံကို တစ်စီးချင်းအတွက် ကျပ်ထောင်ဂဏန်း၊ သောင်းကဏန်းကောက်တာမဟုတ်ဘဲ ယာဥ်ပေါ်ပါပစ္စည်းတစ်ခုချင်းအတွက် သိန်းချီသောင်းချီ ကောက်ခံနေတာကြောင့် ပြည်သူအပေါ် ဝန်ပိစေတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေ ဆက်ဖြစ်နေသလို အခုလည်း ဟုမ္မလင်းပအဖအဖွဲ့က စက်သုံးဆီပေပါတစ်လုံးခြင်းအတွက် ကျပ်တစ်သိန်းကောက်ခံမယ်လို့ ပြောလာပါတယ်။

NUG လက်အောက်ခံ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာချက်အမှတ်(၂ /၂၀၂၄) ကို ဧပြီ ၂ဝ ရက်က ထုတ်ခဲ့တာဖြစ်ပြီး ဒီထုတ်ပြန်ချက်အရ မုံရွာမြို့နယ်၊ ကျွန်းလှမြို့နယ်နဲ့ အခြားမြို့နယ်တွေ သယ်ဆောင်လာတဲ့ စက်သုံးဆီတွေကို ဟုမ္မလင်းမြို့နယ်အတွင်းက NUG စိုးမိုးနယ်မြေတွေမှာ သယ်ယူရောင်းချခွင့်ပြုမှာဖြစ်သလို ပိတ်ပင်တားမြစ်မှုကာလအတွင်း ကျန် ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ အခက်အခဲကို ထောက်ရှုပြီး စက်သုံးဆီရောင်းဝယ်ခွင့်ကို ဆီပေပါတစ်လုံး တစ်သိန်းကျပ်ကောက်ခံပြီး ရောင်းခွင့်ပြုမယ်ပြောတာပါ။

PDF တွေ၊ ပကဖတွေ၊ ပအဖတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဒီလိုမျိုး အဆမတန်ကောက်ခံနေတာကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသတွေ၊ ရခိုင်ပြည်နယ်လိုနေရာမျိုးတွေမှာ သာမန်စားဆန်တစ်အိတ်တစ်သိန်းဝန်းကျင်၊ စက်သုံးဆီတစ်လီတာတစ်ဘူးကို ၁၅၀၀၀ နဲ့ ၂၅၀၀၀ အကြားအထိ မြင့်တက်နေပြီး တိုက်ပွဲမဖြစ်ရာ ဒေသစျေးနှုန်းထက် အနည်းဆုံး ၃ ဆကနေ ၇ ဆလောက်အကြားထိ စျေးကြီးပေးပြီး ဝယ်ယူစားသုံးနေရတာကြောင့်လည်း စစ်ပွဲလက်ခံကြိုလင့်မိတဲ့ဒေသတွေမှာ စားဝတ်နေရေးအငတ်ဘေးနဲ့ ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *