၂၂.၄.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ မော်ဒယ်လ် သရုပ်ဆောင် အောင်လေးကတော့ သူရဲ့ ချစ်သူ ကောင်မလေးကို ပရိသတ်သိအောင် တရားဝင် ချပြလာတာပဲဖြစ်ပါတယ်။

“တချို့အဓိပ္ပာယ်တွေကို စာဖွဲ့လို့မရဘူး ပြောလာခဲ့ရင် ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာတွေကို မင်း တစ်ယောက်ထဲတွက်ပဲ.. သေချာထုတ်ပိုးပြီးချပြလိုက်ချင်တယ်..” လို့ သရုပ်ဆောင် အောင်လေးက ပရိသတ်သိအောင်ဖော်ညွှန်းချပြလာပါတယ်။

ချစ်သူနှစ်ယောက်ရဲ့ Post အောက်မှာတော့ အမျိုးသမီး ပရိသတ်တချို့နဲ့ သူရဲ့ Fans တချို့ အပြင် အနုပညာအသိုင်းကတော့ “အမလေး အမလေး… ငါရင်ဘတ်ဖိပြီး ကြည့်နေရတယ် ၊ မပျက်တော့ဘူးလား ၊ The END ဆိုပြောတော့ ငါတို့ကို Paly နေတာလား ၊ Ship နေတဲ့ ကျမက ယူတို့ချစ်ချစ် နှစ်ယောက်ကို ဆက် Ship ပေးရမှာလား ၊ Congratulations ၊ အားကျပါတယ် …တော်သေးတယ်. .အောင်လေးနဲ့ မပေးစားခံရတော့ဘူး.. ၊ အရင်လိုမိန်းမလိုပဲ နေစမ်းပါ ဟ” စတာတွေ စနောက်နေသလို မိန်းမထုကြီး တချို့လည်း ကြေကွဲနေကြတာလည်းဖြစ်ပါတယ်။

အောင်လေးကတော့ “ ဆီမီးထိန်ထိန်လင်းပါလို့ မနှင်းတို့အိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် မင်းဘုန်းမြတ် ၊ မင်းဟိဏ်း ၊ မင်းသူ ၊ အေးသန္တာဗို ၊ သုန္ဒြေဦး စတဲ့သူတွေနဲ့အတူ ပါဝင် ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *