၂၂. ၄. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်ပိုင်း၊ Pearl မြစ်ဝကျွန်းပေါ်ဒေသအတွင်းတွင် ဧပြီလ ၁၆ ရက်မှ စတင်ခဲ့သော မိုးရွာသွန်းမှုက ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်ပိုင်း၌ အလွန်သည်းထန်လာခဲ့မှုနှင့်အတူ အိမ်များ၊လမ်းများ၊ လယ်ကွင်းများအား ရေလွှမ်းမိုးမှုနှင့် ပြည်သူ ၁၀ သန်းခန့်၏ ဘဝကို ခြိမ်းခြောက်မှုများပြုသကဲ့သို့ဖြစ်ခဲ့ရာ ရေမြင့်တက်လာနေခြင်းနှင့်အတူ ဒေသခံပြည်သူများကို ကယ်တင်နိုင်ရေး အလျင်အမြန်ဆောင်ရွက်လျက်ရှိ‌ကြောင်း ဧပြီလ ၂၂ ရက်သတင်းများက ဖော်ပြခဲ့ကြသည်။

ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံးလူ ၁၁ ဦးပျောက်ဆုံးနေခဲ့ရာ ၎င်းတို့အနက် ခြောက်ဦးမှာ ဂွမ်ဒုံပြည်နယ်၊ ရှောဂွန်မြို့ အနီးရှိ ဂျင်ဝန်မြို့နေထိုင်သူများဖြစ်ကြောင်းလည်းသိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများနှင့်အတူ လူခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း သတင်းများက ဖော်ပြခဲ့ကြသည်။

ဂွမ်ဒုံပြည်နယ်အတွင်း မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုများ များပြားခဲ့ပြီး လူ ၁၂၇ သန်းနေထိုင်ရာ ပြည်နယ်အတွင်းတွင် လူ ၈၂,၅၀၀ ခန့်မှာ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဒေသခံအစိုးရက ပြောခဲ့သည်။ လွန်ခဲ့သည့်ရက်သတ္တပတ်ကပင် Pearl မြစ်ဝကျွန်းပေါ်ဒေသအတွင်းရှိ အနည်းဆုံး မြစ် ၄၄ စင်းတွင် မြစ်ရေများက သတိပေးချက်သို့ရောက်လာသည်ထိ မြင့်တက်လာခဲ့ကြခြင်း ဖြစ်သည်။

Pearl မြစ်ဝကျွန်းပေါ်ဒေသအတွင်းရှိ မြို့များတွင် ကျောင်းများကိုပိတ်ထားရပြီး ဂွမ်ဇိုနှင့် ရှန်ဇင်းမြို့ကြီးများတွင် လေကြောင်းပျံသန်းမှုခရီးစဉ်များ ရာနှင့်ချီ၍ ဖျက်သိမ်းထားရသည်။ ရေလွှမ်းမိုးမှုကြောင့် အိမ် ၈၀ ကျော်မှာလည်း ပြိုလဲမှုများ (သို့မဟုတ်)ဆိုးဝါးစွာထိခိုက်မှုများဖြစ်ခဲ့ရပြီး ယွမ်ငွေ သန်း ၁၂၀(အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့်) ဖိုး ဆုံးရှုံမှုများရှိခဲ့ကြောင်းလည်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ပြောခဲ့သည်။

Ref -CNN

Leave a Reply

Your email address will not be published. Required fields are marked *