၂၂. ၄. ၂၀၂၄
Written by Shwe Phyo

ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့သည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတစ်လျှောက်တွင် လုံခြုံရေးအမြင့်ဆုံးတပ်လှန့်ထားပြီး ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ခွင့်ပေးမည်မဟုတ်ကြောင်း
ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲ မီအာရှက် အလီက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ တရားမဝင် ဝင်ရောက်ခြင်းများ တားဆီးနိုင်ရန် စီစဉ်လာခြင်းဖြစ်​ပြီး မီအာရှက် အလီက” ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းကို တရားမဝင် ဝင်ရောက်တာတွေ ခွင့်ပြုမှာမဟုတ်ဘူး” ဟုပြောသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများက နယ်စပ်ဒေသတွင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာဖွယ်ရှိနေကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့ အကြီးအကဲက” မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုတွေနဲ့ တရားမဝင် ဝင်ရောက်မှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။ ဒါကြောင့် အ ရာရာတိုင်းကို ဂရုစိုက်ပြီး သတိထားစောင့်ကြည့်နေတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့တွေကို လူအင်အားတိုးမြှင့်ပြီး ကင်းလှည့်တာတွေ၊ သတိထားစောင့်ကြည့်တာတွေလုပ်ဆောင်နေတယ်”ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့ နှင့်အတူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့သည် နယ်စပ်ဒေသတွင် ကင်းလှည့်စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦးသည် ပြီးခဲ့သောရက်ပိုင်းတွင် လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ခြမ်းကို ဆုတ်ခွာလာခဲ့ရာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ၎င်းတို့၏ လက်နက်များကို သိမ်းဆည်းခဲ့ပြီး မိခင်နိုင်ငံသို့ပြန်ပို့ရန် စီစဉ်နေကြောင်း မီအာရှက် အလီ “ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းနေသူတွေကို ဖမ်းဆီးထိန်းသိမ်းပြီး မိခင်နိုင်ငံကို ပြန်ပို့သွားမယ်။ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းကို ဘယ်သူမှ တရားမဝင် ဝင်ရောက်တာမျိုး ခွင့်ပြုမှာမဟုတ်ဘူး” ဟုပြောသည်။

REF tbsnews

Leave a Reply

Your email address will not be published. Required fields are marked *