၂၂.၄.၂၀၂၄
Written By Thandar

Romance Comedy ပုံစံ “အကြောင်းပြချက်မရှိ” ဇာတ်လမ်းတွဲမှာ ရှင်မွေလနဲ့ ဝေလာတို့ နှစ်ယောက်လုံးအတွက် Challenge ဖြစ်မယ့် အိမ်ထောင်သည် ဇာတ်ပုံစံလေး ပါဝင်ထားတယ်လို့ သရုပ်ဆောင် ဝေလာရီက ပြောပါတယ်။

“ဝေလာ့အတွက် ဒီဇာတ်ကားက မတူညီတဲ့ ဇာတ်ကောင်ကာရိုက်တာအသစ်လေးနဲ့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ကိုရှင်မွေလနဲ့ဒီကားမှာ ပရိသတ်မြင်နေကြမဟုတ်တဲ့ လင်မယားဇာတ်ဝင်ခန်းပုံစံ ရိုက်ထားပါတယ်။ ကိုရှင်မွေလနဲ့ ဝေလာတို့ နှစ်ယောက်လုံးအတွက် Challenge ဖြစ်မယ့် အိမ်ထောင်သည်ဇာတ်လို့ ပြောလို့ ရတယ်။ ငယ်သူငယ်ချင်း ငယ်ရည်းစားတွေထားကြပြီးတော့ ခိုးပြေးကြတယ်။ ဇနီးမောင်နှံဆိုတော့ တကျက်ကျက် ရန်ဖြစ်ကြတာလေးတွေ၊ စိတ်ကောက် သဝန်တိုတာတွေပေါ့။ နှစ်ယောက်သား‌ ပရိသတ် အမြင်ပြောင်းအောင် ကြိုးစားထားပါတယ်”လို့ သရုပ်ဆောင် ဝေလာရီက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်းအနေနဲ့ ဆုဆုစံပယ်ဖူး၊ စုလင်းလက်နဲ့နေမျိုးအောင်တို့က ရေးသားပြီး လက်ထောက်ဒါရိုက်တာ အောင်သိန်းဦးနဲ့ ဒါရိုက်တာ ညီညီအောင်တို့က အချစ်ဟာသဇာတ်လမ်းပုံစံ ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ ရှင်မွေလ၊ လပြည့်၊ ဝေလာရီ ၊ဖြိုးသံသာချို ၊ မိုးသီရိထက်၊ ခေဒြာမြင့်မိုရ်၊ သင်္ခသူ ၊ကောင်းခန့်စိုး၊ မေဘရမီ၊ မိုးကောင်းကင်၊ ရွှေကိန္ဒရီ၊ ရာဇာထွန်း ၊ မင်းသွေးလျှံ၊ မေဦးမိုး၊ ပန်းဝတ်မှုံ ၊ လင်းစစ်သွေး၊ ဆုထက်ကုဋေ၊ ဇင်မျိုး၊ မျိုးမျိုးခိုင်၊ အိမ့်ကြာဖြူ ၊ မြမြတ်ချယ် နဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။

Romance Comedy ပုံစံ “အကြောင်းပြချက်မရှိ”ဇာတ်လမ်းတွဲကို လာမယ့် ဧပြီ ၂၄ ရက် ည ၇ နာရီက စတင်ပြီး MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးကိုတော့ တေးရေး ဇဝါက ရေးသားပြီး တေးဆို ဇော်ခွန်နဲ့ စန္ဒီတို့ သီဆိုကာ Soul Salad Band က တီး ခတ်ပေးထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News