၂၀. ၄. ၂၀၂၄
Translated by Nay Moe

​မြန်မာဘက်ခြမ်းက ပစ်ခတ်တဲ့ကျည်တစ်တောင့်ဟာ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းက နေအိမ်တစ်ခုထိမှန်ခဲ့တယ်လို့
AEC อาเซียน News ကပြောပြီး လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေသလို တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်တဲ့ မြဝတီဒေသခံတွေကိုလည်း ထိုင်းက ဝင်ခွင့်မပေးတာကြောင့် သောင်ရင်းမြစ်ဘေးမှာပဲ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေရတယ်လို့ သိရပါတယ်။

မနေ့ကည ၇ နာရီ ၉ မိနစ်ကစပြီး KNU နဲ့ PDF ပူးပေါင်းတပ်တွေက မြဝတီ – မဲဆောက်အမှတ် (၂) ချစ်ကြည်ရေးတံတားဝန်းထဲ တပ်စွဲထားတဲ့ ခလရ (၂၇၅) ကို ဒရုန်းနဲ့ ဗုံးအလုံး ၂၀ လောက်ပစ်ချတိုက်ခိုက်ပြီး မိန်းဂိတ်အထိ ထိုးဖောက်ဝင်ရောက်လာရာကနေ မနက် ၇ နာရီကျော်မှာ ပစ်ခတ်မှုရပ်ဆိုင်းသွားပေမဲ့ လက်ရှိမှာတော့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုပါဖြစ်လာနေတာပါ။

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် မြဝတီဒေသခံတွေက မဲဆောက်ဘက်ကို စစ်ရှောင်ဖို့ ကြိုးပမ်းပေမဲ့ထိုင်းဘက်ကတော့ ချစ်ကြည်ရေးတံတားပိတ်ထားတဲ့အပြင် သောင်ရင်းမြစ်ဘေးမှာ သူ့တပ်သားတွေ အကြားမလပ်အောင်ချထားပြီး စောင့်ကြည့်နေပါတယ်။

AEC อาเซียน News ကတော့ မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်မှာ ထိခိုက်လာတယ်လို့ပြောပြီး ပစ်ခတ်မှုကျည်ကတော့ ထိုင်းနိုင်ငံဘက်ကို ဦးတည်ပစ်ခတ်တဲ့ KNU နဲ့ PDF တွေဘက်က ပစ်တဲ့ကျည်ဖြစ်ဖွယ်ရှိပါတယ်။

Ref, Photo – AEC อาเซียน News (CJ)

Leave a Reply

Your email address will not be published. Required fields are marked *