MT News
၁၉. ၄. ၂၀၂၄

ဧပြီ ၁၇ ရက်က ကျရောက်တဲ့ “ဝ” ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်မြောက် အခမ်းအနားကို TNLA, MNDAA, AA ရဲ့ စစ်ဦးစီးချုပ်တွေ တက်ရောက် ဂုဏ်ပြုတယ်လို့ UWSA ရဲ့ Wa Channel က ဒီနေ့မှာ ဖော်ပြထားပါတယ်။

“ဝ”ပြည်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်မြောက် ပြည့်ခဲ့ပြီဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့က အုပ်ချုပ်ရေးမြို့တော် ပန်းဆန်း (ပန်းခမ်း)မြို့မှာ ကျင်းပခဲ့တာပါ။ AA က “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီနဲ့ မဟာမိတ်ဖြစ်လို့ ချစ်ခင်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ဖို့အတွက် AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ အဖွဲ့က တက်ရောက်ခဲ့တယ် Wa Channel ကပြောပြီး ထွန်းမြတ်နိုင်နဲ့ ပုံတစ်ပုံပဲ အထူးတလည်ဖော်ပြထားတာ မြင်ရပြီး MNDAA ကတော့ စစ်ဦးစီးချုပ်ဖုန်တာ့ရွှင်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကလည်း ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုတိယ ဥက္ကဋ္ဌ – (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် တားခူလန်း၊ ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗိုလ်ချုပ် တားဟိုပလန်၊ ဗိုလ်မှူးချုပ် တားအိုမ်တမာ၀်နဲ့ ဗိုလ်မှူးကြီး တားမိုးဟိန်း တက်ရောက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *