၁၉. ၄. ၂၀၂၄
Written by Pan Ei

ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ရဲ့ The Tortured Poets Department လို့ အမည်ရတဲ့ သူမရဲ့ ၁၁ ခုမြောက် စတူဒီယိုအယ်လ်ဘမ်အသစ်ဟာ ဒီနေ့မှာ စတင်ထွက်ရှိခဲ့ပြီး အဆိုပါ အယ်လ်ဘမ်ထွက်ရှိပြီး နှစ်နာရီအကြာမှာ နောက်ထပ် ထပ်တိုးသီချင်း ၁၅ ပုဒ်ကိုပါ ထုတ်လွှင့်ခဲ့ကာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

သူမရဲ့ပရိသတ်တွေက TTPD လို့ အမည်ပေးထားတဲ့ အဆိုပါနောက်ဆုံးအယ်လ်ဘမ်သစ်ဟာ အသစ်စက်စက်သီချင်း ၁၆ ပုဒ်ပါဝင်ပြီး ထပ်တိုး သီချင်း ၁၅ ပုဒ်ကိုတော့ TTPD: The Anthology လို့ အမည်ပေးထားကာ အံ့အားသင့်ဖွယ် ကြေညာချက်တစ်ခုနဲ့အတူ သီချင်းတွေကို ထုတ်လွှင့်ခဲ့တာပါ။

အဲ့ဒါကြောင့် သူမရဲ့နောက်ဆုံးထွက်ရှိတဲ့ ထုတ်ဝေမှုမှာ သီချင်းပေါင်း ၃၁ ပုဒ် ပါဝင်ပြီး နှစ်နာရီကျော်ကြာစာရှိတာမို့ တဝကြီး နားဆင်နိုင်မှာအတွက်လည်း ပရိသတ်တွေက ပျော်ရွှင်နေကြပါတယ်။

တေလာဆွစ်ဟာ ဖေဖော်ဝါရီလကကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ် Grammy ဆုပေးပွဲမှာ The Tortured Poets Department အယ်လ်ဘမ်အသစ်ကို ကြေညာခဲ့ပြီး အဲ့ဒီပွဲမှာ သူမရဲ့၁၀ ကြိမ်မြောက် စတူဒီယိုအယ်လ်ဘမ် Midnights နဲ့ တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်ကို စတုတ္ထအကြိမ်မြောက် ရရှိခဲ့ပါတယ်။ သူမရဲ့စံချိန်ပေါင်းများစွာ ချိုးထားတဲ့ Eras Tour ကိုတော့ လက်ရှိမှာ ခေတ္တရပ်တန့်ထားပြီး လာမဲ့လမှာ ပြန်လည်စတင်သွားမှာ ဖြစ်ပါတယ်။

Ref; Billboard

Leave a Reply

Your email address will not be published. Required fields are marked *