၁၈.၄.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ မင်းသမီး မိုးဟေကိုကတော့ “မောင်တို့ယောက်ျားတွေရယ်” ဇာတ်ကားမှာ ချစ်ခြင်းနောက်ကွယ်မှာ ယုံကြည်မှုရဲ့ သစ္စာတရားရယ်နားလည်မှုရယ် တည်ဆောက်လို့ရှိရင် အိမ်ထောင်ရေး အဆင်ပြေပါတယ်လို့ သူမပါဝင်ထားတဲ့ ဇာတ်ကားနဲ့ပတ်သက်ပြီး ရင်ဖွင့်လာပါတယ်။

“အိမ်ထောင်ရေးဇာတ်။ ယောက်ျားတွေအကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းလေးမှာ မိုးပါဝင်ထားတာပါ။ ကိုနေတိုးနဲ့လည်း မဆုံဖြစ်တာ ကြာပြီမို့ မိုးတို့ အတူရိုက်ဖြစ်ခဲ့တဲ့ ဇာတ်လေးပါ။ နှစ်ယောက် ပြန်စပြီး ရိုက်ဖြစ်တဲ့ကားလေးပါ။ အိမ်ထောင် ရေး ဖောက်ပြန်တာတွေက အပြင်မှာမြင်ဖူးနေကြ ကြားဖူးနေကြလည်း ဖြစ်တယ်။ မိုး ပတ်ဝန်းကျင်က အိမ်ထောင်ရေးတွေ လေ့လာရိုက်ဖြစ်တာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု မရှိရင် ဘယ်လိုဖြစ်တတ်တယ်ဆိုတာကိုပေါ့။ အိမ်ထောင်ကျပြီး တစ်ယောက်နဲ့တစ်ယောက်က ယုံကြည်မှုကို ပေးနိုင်ရမယ်။ ကိုယ့်တွေဘက်ကလည်း ယုံကြည်မှုပေးနိုင်လောက်အထိ နေထိုင်ရမယ်။ ထင်ယောင်ထင်မှား အလွဲလေး တွေ ဖြစ်တတ်ကြတယ်။ ချစ်ခြင်းနောက်ကွယ်မှာ ယုံကြည်မှုရဲ့ သစ္စာတရားရယ်၊ နားလည်မှုရယ် တည်ဆောက် လို့ရှိရင် အိမ်ထောင်ရေးအဆင်ပြေပါတယ်။ ချစ်သူ၊ သူငယ်ချင်း Relationship မှာ အဓိက ဒီအကြောင်းအရာကို တည်ပြီး တည်ဆောက်ရမှာပါ” လို့ သရုပ်ဆောင် မိုးဟေကိုကပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဝတ္ထု လွန်းထားထား(ဆေးတက္ကသိုလ်) ၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားထားပြီး ဒါရိုက်တာ အကယ်ဒမီ ဩရသ ရိုက်ကူးထားတဲ့ အိမ်ထောင်ရေး အချစ်ရသကို ပေးစွမ်းထားတဲ့ ဇာတ်လည်းဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ အကယ်ဒမီ နေတိုး ၊ မိုးဟေကို ၊ ဩဂတ်စ်မိုး ၊ မေရီမျိုး စတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

လက်ရှိ “မောင်တို့ယောကျ်ားတွေရယ်” ဇာတ်ကားကို HEY Play Application နဲ့ HEY Play YouTube Channel တို့မှာ ပြသနေပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *