၁၈.၄.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အမှတ်(၁) နယ်မြေ၊ ဒီဇင်ဘာခြံအနီးတွင် ဟိုက်ဂျက်ယာဥ်တစ်စီး ဘရိတ်ပေါက်၍ ထိုအနီးရှိ သဲပုံပေါ် လဲကျရာမှ ၁၃ ဦးဒဏ်ရာရ၍ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးမှု နှစ်ဆန်းတစ်ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကူညီပေးခဲ့သည့် သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

“ကားကအဆင်းမှာ ​ဘရိတ်ပေါက်ပြီး အဲ့ဒီနားက သဲပုံပေါ်မှာလဲကျသွားတာ။ ကလေးကို ဆေးရုံပို့ချိန် လမ်းမှာဆုံးသွားတာ။ ၁၃ ယောက်ကတော့ ဒဏ်ရာရတယ်။ အဲ့ ၁၃ ယောက်ထဲမှာက ၄ ယောက်က ဒဏ်ရာရတာပြင်းတယ်”ဟု သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ဘရိတ်ပေါက်မူကြောင့် ဒဏ်ရာရရှိသူများကို ထိုအသင်းမှ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *

Related News