၁၈. ၄. ၂၀၂၄.
Translated by Htwe Ko Tun

ဂျပန်နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းရှိ ဂျပန်ပိုင်ကျွန်းများဖြစ်သည့် ကျူရှုးကျွန်းနှင့် ရှီကိုကူးကျွန်းများအကြားမှ ဘန်ဂို ရေလက်ကြားကို ဗဟိုပြုလျက် ဧပြီလ ၁၇ ရက်ညပိုင်း ဒေသ စံတော်ချိန် ၁၁ နာရီ ၁၄ မိနစ်က ပြင်းအား မဂ္ဂနီကျူ့ ၆ ဒသမ ၄ ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

ရှေးဦးသတင်းများအရ ငလျင်ကြောင့် ဆူနာမီသတိပေးချက်တစ်စုံတစ်ရာမရှိဘဲ အသေးအမွှားထိခိုက် ပျက်စီးမှုများသာရှိသည်ဟု သိရသည်။ အချို့သော ရေပိုက်များကျိုးပေါက်ခဲ့သော်လည်း ငလျင်ကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးမှုရှိသည်ဟု သတင်းမရရှိခဲ့ပေ။

ရှီကိုကူးကျွန်း၊ အိမဲ စီရင်စုရှိ အိကာတာ နျူကလီယားဓာတ်အားပေးစက်ရုံ၌လည်း ငလျင်လှုပ်ခတ်မှုကြောင့် တစ်စုံတစ်ရာထူးခြားသည့် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများမရှိခဲ့သေးကြောင်း သိရသည်။

ငလျင်ကြောင့် အိမဲနှင့် ကိုချီစီရင်စုများအတွင်း လူခုနှစ်ဦးခန့် အနည်းငယ်ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း ဧပြီလ ၁၈ ရက် နံနက်ထုတ်ပြန်ချက်များက ဆိုသည်။

Ref- Asahi Shimbun, Japan Times

Leave a Reply

Your email address will not be published. Required fields are marked *