April 30, 2024

၁၇.၄.၂၀၂၄
Written By Thandar

ကာရိုက်တာနဲ့ ပတ်သက်ရင်‌ ဆေးစက်ကျရာအရုပ်ထင်အောင် အိုက်တင်ကောင်းတဲ့ သရုပ်ဆောင် ဖွေးဖွေးကတော့ ယနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဦးအလှူအနေနဲ့ သစ်တံခါးဆရာတော်ကျောင်းမှာ အိမ်ထောင်စု ၅၀စာ ဆန်အိတ်လေးတွေ ပါဝင်လှူဒါန်းခဲ့ပါတယ်။

“ဆရာတော်ဘုရားရဲ့ အလှူမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ခွင့်ရခဲ့ပါတယ်။ သက်ကြီးများအတွက်လည်း လှူဒါန်းခဲ့ပါတယ်။ အခုထက်ပိုလှူနိုင်တဲ့ လူ ဖြစ်ရပါလို၏။ ဘုန်းဘုန်းလည်း သက်တော်ရှည်ပြီး အခုလိုမျိုး ပြည်သူပြည်သားအများကြီးကို လှူဒါန်းမေတ္တာပို့သနိုင်ပါစေ။ ဒီနေ့ပျော်တယ် ” လို့ အကယ်ဒမီဖွေးဖွေးက သူမရဲ့ အလှူပီတိလေးကို မျှဝေလာပါတယ်။

အဆိုပါ နေ့ထူးနေ့မြတ်ဖြစ်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာတော့ အကယ်ဒမီ ဖွေးဖွေးတို့သားအမိ၊ သရုပ်ဆောင် ခင်ဇာခြည်ကျော်နဲ့ သားဖြစ်သူ သရုပ်ဆောင် ဘုန်းမင်းနေလ၊ သရုပ်ဆောင် ကျော်ထက်အောင် စတဲ့သူတွေက သစ်တံခါးဆရာတော်ဘုန်းဘုန်းဘုရားရဲ့ တပည့်သားသမီး အားလုံး စုပေါင်းပြီးတော့ အိမ်ထောင်စု ၄၆၀၀ အတွက် ဆန် ၊ ဆီ ၊ ဆေး ၊ ဆား အလှူတော်မှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ခွင့်ရခဲ့ပါတယ်လို့ သိရပါတယ်။ ဖွေးဖွေးကတော့ လက်ရှိအချိန်မှာ ဘာသာရေး‌ကို ပိုမိုလုပ်ဆောင်လာသလို နှစ်စဉ်လည်း နှစ်သစ်ဦးအလှူအတန်းတွေပြုလုပ်လျှက်ရှိသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *