April 30, 2024

၁၇. ၄. ၂၀၂၄
Written by Naing Thuta

မြန်မာနှစ်ဆန်း ၁ ရက်နေ့ကုသိုလ်အဖြစ် သံဃာတော် (၁၀၈)ပါးတို့အားဆွမ်းဆန်စိမ်း​လောင်းလှူပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနား မန္တလေးတွင် ယနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းထံမှ သိရသည်။

မြန်မာသက္ကရာဇ်-၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်နေ့၊ နှစ်ဆန်း ၁ ရက်နေ့(ဧပြီလ ၁၇ ရက်နေ့)နံနက် ၇ နာရီမှ ၈ နာရီအထိ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ မြို့တော်ခန်းမရှေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် သံဃာတော်(၁၀၈)ပါးတို့အား ဆွမ်းဆန်စိမ်း​လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပင့်သံဃာ ၁၀၈ ပါးတို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရဝန်ကြီးများ၊ တာဝန်ရှိသူများက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းမြို့တော်ခန်းမရှေ့ရှိ ကျုံးရေပြင်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက စုပေါင်း၍ ဇီဝိတဒါနအဖြစ် မန္တလေးကျုံးရေပြင်အတွင်း ငါးအကောင်ရေ ၂၀၀၀၀ အား စုပေါင်းလွှတ်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာ ရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တိုင်းအစိုးရဝန်ကြီးများ၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း ၂၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *