April 30, 2024

၁၇.၄.၂၀၂၄
Written By Thandar

ကိုသီဟလွင်နဲ့ သရုပ်ဆောင် အဆို‌တော် စန္ဒီမြင့်လွင်တို့ မိသားစုက နှစ်ဆန်းတစ်ရက်အလှူအဖြစ် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ထမင်း ၊ ဟင်း၊ မုန့်မျိုးစုံနဲ့ Royal-D တို့ကို လူအယောက် ၅၀၀ စာ လှူဒါန်းခဲ့ပါတယ်။

“အတာကြီး(ခ)အေးသီတာနဲ့ အရင်ကလည်းလှူဖူးတော့ ဒီဘက်မှာ လှူဒါန်းတဲ့ သူတွေနည်းတာမို့ ဒဂုံဆိပ်ကမ်းဘက်မှာ လှူဖြစ်တာပါ။ နှစ်တိုင်းကတော့ နှစ်ဆန်းတစ်ရက်နေ့ဆိုရင် လှူဖြစ်တယ်။ အသိပေးဖြစ်တာ အသိမပေးဖြစ်တာပဲ ကွာတာပါ။ နှစ်ဦးပိုင်းမှာ လှူဒါန်းရတာမို့ အကုန်လုံး ပေါ်ကြွယ်ဝစေချင်တယ်”လို့ သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်က‌ပြောပါတယ်။

အဆိုပါ နှစ်ဆန်း ၁ ရက်နေ့ လှူဒါန်းမှုမှာတော့ လူအယောက် ၅၀၀ စာအနေနဲ့ ထမင်း ၊ ကြက်သားဟင်း ၊ ပဲကုလားဟင်း ၊ ငရုတ်သီးကြော် ၊ Nice food မုန့် နဲ့ Royal D တို့ စတုဒိသာ လှူဒါန်းခဲ့ကြပါတယ်။ သီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့က အိမ်ထောင်သက် ၆ နှစ်ကျော်ရှိခဲ့ပြီးလည်းဖြစ်ပါတယ်။

“ထရက်ရှာလည်း ၅နှစ်ပြည့်ပြီဆိုတော့ ပိုလှူဖြစ်လာပါတယ်။ တကယ်တော့ အလှူလုပ်ရတာ ပျော်ဖို့ကောင်းပါတယ်။ သမီးလေးကလည်း အရွယ်ရောက်လာပြီဆိုတော့ သူကလည်း လှူရတာအရမ်းကြိုက်တယ်လေ။ သူကိုယ်တိုင်ဝေရတာကို သူကသဘောကျနေတာလေ” လို့ ခင်ပွန်းဖြစ်သူ သီဟလွင်ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *