April 30, 2024

၁၇.၄.၂၀၂၄
Written by TZ

တောင်ငူမြို့၊ (၂၂) ရပ်ကွက် ရွာမ၌ သင်္ကြန်အတက်နေ့တွင် မော်တော်ယာဥ်ကိုရေပက်သောကြောင့် လူငယ်အချင်းချင်းစကားများနေသည်ကို ဝင်ရောက်ဖြေရှင်းပေးသည့် အမျိုးသားတစ်ဦး ရဲဒင်းဖြင့်အခုတ်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဧပြီလ ၁၆ ရက်နေ့တွင် ရေကစားနေသူများမှ ရေပက်ခံထွက်သူများကို ရေပက်ကစားနေစဥ် အိမ်စီးမော်တော်ယာဥ်အား ရေဖြင့်ပက်ရာတွင် ထိုယာဥ်ပေါ်မှ လိုက်ပါလာသူများမှ ၎င်းတို့၏ယာဥ်ကို ရေပက်သောကြောင့် စကားများပြီး ထိုအချိန်တွင် အမျိုးသားတစ်ဦးမှ ဝင်ရောက်ဖြေရှင်းပေးချိန် ယာဥ်မောင်းအမျိုးသားမှ ထိုဝင်ရောက်ဖြေရှင်းပေးသည့် အမျိုးသားကို ယာဥ်ပေါ်တွင် သယ်ဆောင်လာသည့် ရဲဒင်းဖြင့်ခုတ်လိုက်ကြောင်း သိရသည်။

“သင်္ကြန်မှာရေပက်မှာလေ။ ဘယ်သူပဲလာလာ၊ ဘာနဲ့လာလာ ရေပက်မှာပဲ။ အဲ့အချိန်မှာ ကားတစ်စီးရောက်လာတယ်။ အဲ့ကားကို အပြင်ကနေပတ်တာ။ ဒါကို သူတို့ကားပက်တယ်ဆိုပြီး ကားထဲကလူတွေကထွက်လာပြီးတော့ ရန်ဖြစ်ကြတာ။ အဲ့အချိန်မှာ ဘေးကသူက ဝင်ဖြေရှင်းတဲ့အချိန် ကားမောင်းသူက ဖြေရှင်းပေးတဲ့သူကို ခုတ်တာ။ ခုတ်တဲ့သူကို မိပါတယ်။ ရဲဒင်း ကား​ပေါ်မှာပါလာတာပါ”ဟု ကရုဏာရင်ခွင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT New သို့ ဖြေကြားခဲ့သည်။

ထိုဒဏ်ရာရရှိသည့် အမျိုးသားမှာ ဦးခေါင်းနှင့် လက်တို့တွင် ဒဏ်ရာရရှိ၍ တောင်ငူဆေးရုံတွင် ဆေးကုသမူခံယူနေရကြောင်း သိရသည်။

ဓာတ်ပုံ -ကရုဏာရင်ခွင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *