April 30, 2024

၁၇.၄.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ မင်းသမီး ဖွေးဖွေးကတော့ ယနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်သစ် နှစ်ဆန်း တစ်ရက်မှာ ရှင်အပါး ၄၅ပါးအတွက် ဆန် ဆီ ဆေး ဆားနဲ့ နဝကမ္မ ကျပ် ၁၀၀၀၀ စီလောင်းလှူခဲ့တယ်လို့ သိရပါတယ်။

“မြန်မာ နှစ်ဆန်း ၁ ရက်နေ့မှစလို့ အကောင်းတွေလာ၊ မကောင်းတာတွေဖယ်၊ ကံကောင်းပါစေ၊ ချမ်းသာပါစေ၊
ကျန်းမာပါစေ၊ မေတ္တာရကြပါစေ။ ကျွန်မ ပူဆာလို့ အဆီထုတ် Delta Queen Yogurt တွေ ပို့ပေးတဲ့ ချစ်ညီမ နီ့ Ni Phyo Kyaing လည်း တူသော ကောင်းကျိုးရပါစေလို့ ” လို့ မင်းသမီး ဖွေးဖွေးက ပရိသတ်သိအောင် ပြောလာပါတယ်။

အဆိုပါ နှစ်ဆန်းတစ်ရက်နေ့မှာတော့ အိမ်ရှိဘုရားကိုတော့ ဆွမ်း ၊ ပန်း ၊ ဆီမီး စတာတွေ ဆပ်လှူပူဇော်ခဲ့ပါတယ်။ ကြွချီလာတဲ့ ရှင်အပါး ၄၅ ပါးအတွက် ဆန် ၊ ဆီ ၊ ဆေး ၊ ဆား ၊ ငါး သေတ္တာ ၄၅ Packages ၊ နဝကမ္မ ၁၀၀၀၀ ကျပ်စီလောင်းလှူခဲ့ပါတယ်။ ဒါ့အပြင် မိခင်ဖြစ်သူကို ရှိခိုးကန်တော့ပြီး မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို မုန့်ဖိုး ဝေမျှပေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *