April 29, 2024

၁၆.၄.၂၀၂၄
Written by KL

မရမ်းကုန်းမြို့နယ် ၊ အမှတ် (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမပေါ် KIA ကားအရောင်းပြခန်းရှေ့၌ ယနေ့ ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့) မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က Passo ခဲရောင် ကိုယ်ပိုင်ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဥ်တွင် အမျိုးသမီးမောင်းနှင်လာသော ကိုယ်ပိုင်ယာဥ်မှာ ဆီယိုစိမ့်ရာမှ အနီးရှိ အိတ်ဇောပေါ်ကျကာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီး၊မီးသတ်တပ်ဖွဲ့ဝင် ၁၇ ဦး၊ ပရဟိတ အဖွဲ့ဝင် ၉ ဦးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ၁၂ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ကိုယ်ပိုင်ယာဥ်၏ ရှေ့လေကာမှန်၊ ရှေ့တာယာ ၂ လုံးနှင့် အနောက်လေကာမှန်များ မီးလောင်ဆုံးရှုံးခဲ့သဖြင့် ယာဥ်မောင်းသူ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးကို မရမ်းကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *