April 29, 2024

၁၆.၄.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ နောင်စံဖူးရွာနှင့် ကံပဲ့ရွာကြားတွင် ဧပြီလ ၁၅ရက် ည ၇ နာရီခန့်က နှစ်ရက်ကြာ ပျောက်ဆုံးနေသော အမျိုးသားကို သစ်ယားပင်၌ ကြိုးဆွဲချ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။

ကြိုးဆွဲချသေဆုံးသူအမျိုးသားမှာ အသက် ၃၇ နှစ်အရွယ် ကိုဖိုးတိုးဖြစ်ပြီး နောင်စံဖူးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် အောင်ပန်းနာရေးကူညီမှုအသင်း ထံမှသိရသည်။

“အရက်ကြောင်ကြောင်ပြီး အိမ်ကထွက်သွားတာ သူပျောက်နေတာ ၂ ရက်လောက်ရှိပြီ။ မိသားစုတွေက လိုက်ရှာတော့ နွားကျောင်းတဲ့သူတွေနဲ့ တွေ့လို့ ကြိုးဆွဲချသေဆုံးနေတာကို သိရတာ။ အလောင်း​တွေ့တဲ့နေရာက သူတို့နေတဲ့နေရာနဲ့ ၇ မိုင်လောက်ဝေးတယ် “ဟု အောင်ပန်းနာရေးကူညီမှုအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

​သေဆုံးသူ၏ ရုပ်အလောင်းကို အောင်ပန်းနာရေးကူညီမှုအသင်းဝင် ၇ ဦးက သွားရောက်သယ်ယူကာ အောင်ပန်းပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ပြီး ယနေ့ (ဧပြီလ ၁၆ ရက်)မွန်းလွဲပိုင်းက အောင်ပန်းမြို့ မင်းဂူသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *