April 29, 2024

၁၆. ၄. ၂၀၂၄
Written by Nay Moe

တရုတ်သံအမတ် ဒါမှမဟုတ် တရုတ်အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပေးဖို့ နှစ်ဖက် သဘောတူညီချက်အရ ပျက်ပြယ်သွားပြီဖြစ်တဲ့ NLD ပါတီ ဥက္ကဋ္ဌနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်းဦးဝင်းမြင့်တို့ကို လက်ရှိထားရှိရာအကျဥ်းထောင်ကနေ နေရာရွှေ့ပြောင်းလိုက်တယ်လို့ သိရပါတယ်။

တရုတ်သံအမတ် ဒါမှမဟုတ် တရုတ်အထူးကိုယ်စားလှယ်နဲ့တွေ့ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုယ်တိုင်က သဘောတူညီလို့လည်း နေရာရွှေ့လိုက်တယ်လို့ MT News ရဲ့ သတင်းရင်းမြစ်တချို့ဆီက သိရပေမဲ့ SAC အစိုးရ ပြောရေးဆိုခွင့်ရှိသူတွေကိုတော့ ဒီသတင်းမှန်မမှန် MT News က အတည်ပြုမေးမြန်းဆဲပါ။

မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်ဟာ ထောင်ကျခံအကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာပေးလေ့ရှိတဲ့ကာလဖြစ်တာရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို တရုတ်သံအမတ်နဲ့တွေ့ခွင့်ပေးတာရော၊ နေရာရွှေ့လိုက်တာရောကြောင့် မနက်ဖြန်မှာ သူတို့နှစ်ယောက် အပြီးလွတ်တာ၊ ဒါမှမဟုတ် နေအိမ်အကျယ်ချုပ် ဒါမှမဟုတ် နိုင်ငံရေးအချိုးအကွေ့တစ်ခုကို ပြည်သူတွေက စောင့်မျှော်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လ ပထမဆယ်ရက်ပတ်မှာ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းနဲ့ တွေ့ဆုံခဲ့အပြီးမှာ အမေရိကန်အပါအဝင် အနောက်အုပ်စုထောက်ပံမှုနဲ့ နိုင်ငံ့ဝန်ထမ်းတွေ သံဃာနဲ့ ကလေးသူငယ်တွေ ဆရာဆရာမတွေပါမချန် လုယက်သတ်ဖြတ်မှုတွေကျုးလွန်နေတဲ့ NUG နဲ့ PDF ကို မထောက်ခံကြောင်း ဂျပန်သတင်းဌာနကတစ်ဆင့် ဒွန်ပရာမတ်ဝီနိုင်းက ကမ္ဘာသိအောင် ပြောခဲ့တာကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ တရုတ်ကိုယ်စားလှယ်နဲ့ ဒီတစ်ကြိမ်တွေ့ဆုံမှုက နိုင်ငံရေးအပြောင်းအလဲတစ်ခုကို ထူးထူးခြားခြားကြုံရမလားလို့ NUG နဲ့ PDF ရဲ့ဒဏ်ကို ခံနေရတဲ့ပြည်သူတွေက တွေးဆနေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း သင်္ကြန်မတိုင်ခင်ရက်ပိုင်းမှာတင် ဦးသန်းရွှေ၊ ဦးသိန်းစိန်အပါအဝင် နိုင်ငံ့ခေါင်းဆောင် ဖြစ်ခဲ့သူ အများအပြားကို လိုက်လံဂါရဝပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာကြောင့် ဒီထူးခြားတဲ့တွေ့ဆုံမှုရဲ့ နောက်ဆက်တွဲကိုစောင့်မျှော်နေချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို တရုတ်အစိုးရဘက်က တာဝန်ရှိသူတွေ တွေ့ဆုံမယ်လို့ သတင်းထွက်ပေါ်လာတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News