၁၃. ၄. ၂၀၂၄
Written by Thettant

မွန်ညီညွတ်ရေးပါတီ(MUP) ရဲ့ ပေါင်မြို့နယ် ဥက္ကဋ္ဌ နိုင်ဘထောက်ဟာ ဒီနေ့ ဧပြီ ၁၃ ရက် မဟာသင်္ကြန်အကြိုနေ့ မနက်ပိုင်းက သေနတ်နှင့် ပစ်သတ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

အသက် ၇၈ နှစ်အရွယ် နိုင်ဘထောက်ဟာ ဒီမနက် ၆ နာရီခွဲအချိန်ခန့်က နေထိုင်ရာ ပေါင်မြို့နယ် သဗြုချောင်ကျေးရွာနေအိမ်ရှေ့မှာ ဆွမ်းလောင်းဖို့ပြင်ဆင်နေချိန် ဆိုင်ကယ်နှစ်စီးနဲ့ လူ ၄ ဦးရောက်လာပြီး သေနတ်နဲ့ပစ်ခတ်လို့နိုင်ဘထောက်ဟာ ဝမ်းဗိုက်နဲ့ ချိုင်း ကျည်ထိသေဆုံးခဲ့တာပါ။

သတ်ဖြတ်တာ ဘယ်အဖွဲ့လည်း မထုတ်ပြန်သေးပေမဲ့ နိုင်ဘထောက်ရဲ့သား သဗြုချောင်အုပ်ချုပ်ရေးမှူးဦးအောင်ငွေထွန်း(ခ) ဦးမောင်တူးကို ၂၀၂၃ ဩဂုတ် ၂၈ ရက်က ရင်းငြိမ်မြောက် ကျေးရွာဘောလုံးကွင်းအနီးကားလမ်းပိုင်းမှာ သထုံခရိုင်၊ တပ်မဟာ ၁ ၊ KNU,KNLA/PDF အမှတ် ၂ တပ်ရင်းရဲ့ UG အဖွဲ့ နဲ့ S.O.F အဖွဲ့ဝင်တွေက သေနတ်နဲ့ချောင်းပစ်လို့ ဦးအောင်ငွေထွန်း (ခ) မောင်တူးဟာ သေနတ်ကျည် ၂ ချက်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တာကြောင့် မော်လမြိုင် စစ်ဆေးရုံဆီ ပို့ဆောင် ကုသခဲ့ရပြီး ဒီဖြစ်စဥ်မှာလည်း နိုင်ဘထောက်ရဲ့ သားဖြစ်သူကို လုပ်ကြံတဲ့ KUU/PDF တွေကပဲ သက်ကြီးရွယ်အိုတစ်ယောက်ကိုချောင်းမြောင်းပစ်ခတ် သတ်ဖြတ်တာဖြစ်မယ်လို့ MUP ပါတီနဲ့ ဆက်နွှယ်သူအချို့က ခန့်မှန်းနေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *