၁၃. ၄. ၂၀၂၄
Photo& Writer Naing Thuta

မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ်၊ တန်ခူးလဆုတ် ၅ ရက်နေ့၊ မဟာသင်္ကြန်အကြိုနေ့(၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ ) ညနေ  ၅ နာရီမှစတင်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ လမ်း ၇၁ နှင့် ၇၂ လမ်းကြား၊ မန္တလေးမြို့တော်စည်ပင်သာယာရေးရုံးဝန်းအတွင်းရှိသော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် မဟာသင်္ကြန်အကြိုနေ့ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ရာ”မင်္ဂလာစည်တော်​”အဖွဲ့မှ အောင်စည်တော်သီချင်းဖြင့် သီဆိုပေးပြီးနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းစည်ပင်သာယာရေးရာဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းတို့မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ မိုးပျံပူပေါင်းများလွှင့်တင်ပေးခြင်း၊ မြို့မငွေငန်းအလှပြကားဖြင့် ကပြဖျော်ဖြေပေးခြင်းနှင့် ယိမ်းသမလေးများမှ ကပြဖျော်ဖြေပေးကြခြင်းများ၊ ပြည်တွင်းပြည်ပ အနုပညာရှင်များက သီချင်းများဖြင့် သီဆို၍ ဖျော်ဖြေခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခုလို မြန်မာ့ရိုးရာနဲ့အညီ မဟာသင်္ကြန်ပွဲတော်ကို ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကိုဗစ်ရောဂါစဖြစ်ပြီး မကြာဘူး နိုင်ငံရေးပဋိပက္ခကြီးလည်းဖြစ်တော့ နောက်ပိုင်း မနှစ်ကနေစတင်ပြီး ပြန်လည်စည်ကားသိုက်မြိုက်စွာ ပြန်ကျင်းပနိုင်တဲ့အတွက် အများပြည်သူတွေ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေတာကို တွေ့ရလို့  အရမ်းကို ပျော်ရွှင်ကြည်နူးမိပါတယ်။ မန္တလေးသင်္ကြန်ဟာဆိုရင် ရှေးယခင်ကတည်းက ခမ်းခမ်းနားနားနဲ့ ကျင်းပခဲ့သည့်အပြင် အစဉ်အလာအလွန်ကြီးမားလို့ အမှတ်တရများနဲ့ ရှိနေတဲ့အတွက် မန္တလေးသူ၊ မန္တလေးသားများက အမြဲဂုဏ်ယူနေတာပါ” ဟု ဖွင့်ပွဲလာဧည့်ပရိတ်သတ်တစ်ဦးက ဆိုသည်။

အဆိုပါအခမ်းနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (ငြိမ်း)သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်၊ တိုင်းဒေသကြီးအစိုးရဝန်ကြီးများ၊ တာဝန်ရှိသူများ ရွှေပွဲလာဧည့်ပရိတ်သတ်များဖြင့် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ မန္တလေးမြို့မ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *