၁၃. ၄. ၂၀၂၄
Photo by Ye Kyaw










ရန်ကုန်မြို့က ပြည်သူ့ရင်ပြင်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မဟာသင်္ကြန်ပွဲတော်အဖြစ် ကျင်းပနေတဲ့ လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေဆီ သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာ လာရောက်သူများပြားပြီး စည်ကားခဲ့ပါတယ်။
ပြည်သူ့ရင်ပြင်မှာ လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်တွေအပြင် ရေမြှုပ်သင်္ကြန်နဲ့ ဖျော်ဖြေရေးအစီအစဉ် ထည့်သွင်းထားတာ၊ စတုဒိသာအစီအစဉ်ပါ ပါရှိလို့ စတင်ဖွင့်လှစ်တဲ့ သင်္ကြန် အကြိုနေ့မှာပါ စည်ကားနေတာပါ။
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ သင်္ကြန် ကာလအတွင်း လမ်းလျှောက်သင်္ကြန်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဖြစ်ပေမဲ့ ဖျော်ဖြေရေးအစီအစဉ်က ည ၉ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမယ်လို့လည်း သိရပါတယ်။

