၁၂. ၄. ၂၀၂၄
Written By Thandar

လတ်တလော Online Facebook Page တွေမှာ တက်လာတဲ့ အသံဖိုင်ကိစ္စထဲမှာ သူနာမည် ထည့်ပြောလိုက်မိသူတွေကို တောင်းပန်ကြောင်း အဆိုတော် အောင်လက သတင်းစာကြော်ငြာထည့်သွင်းလာတာ တွေ့ရပါတယ်။

ဧပြီ ၉ ရက် ညပိုင်းကနေ စတင်ပြီး ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့အကြား လိင်မှုကိစ္စနဲ့ဆက်နွှယ်တဲ့ စကားပြောကြားနေတဲ့ အသံဖိုင်တွေဟာဆိုရင် Online Facebook Page တွေတော်တော်များများမှာ ပေါက်ကြားပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ Facebook သုံးစွဲသူတွေအကြားမှာလည်း တစ်ယောက်နဲ့တစ်ယောက် ပြန်လည် မျှဝေမှုတွေဟာဆိုရင် မထင်မှတ်ထားလာအောင် များပြားခဲ့ပါတယ်။

ဒါကြောင့်လည်း အဆိုပါ အသံဖိုင်ထဲမှာပါတဲ့ နာမည်တပ်အပြောခံရတဲ့ အမျိုးသမီးတွေနဲ့ ညစ်ညမ်းတဲ့ဆက်ဆံရေးမျိုး မရှိခဲ့သလို လူမှုရေး၊ စီးပွားရေးလည်း အဆက်အသွယ်မရှိခဲ့ဘူးဆိုတာကို ကာယကံရှင်သက်ဆိုင်သူတွေကို အနူးအညွတ် တောင်းပန်ပါတယ်လို့ သတင်းစာကြော်ငြာမှာ အောင်လက ပြန်လည်ဖြေရှင်းတောင်းပန်လာတာဖြစ်ပါတယ်။

” မရည်ရွယ်ဘဲ မအေးသောင်းအပါအဝင် ထိခိုက်နစ်နာစေခဲ့သည့် ကာယကံရှင်များအား လေးစားစွာ အနူးအညွတ်တောင်းပန်အပ်ပါသည်။ အဆိုပါ ကာယကံရှင်များနှင့် ပတ်သက်၍ ပျံ့နှံ့နေသော အသံဖိုင်အတွင်း၌ ဖော်ပြထားသကဲ့သို့ ဆက်ဆံရေး မရှိခဲ့သည့် အပြင် လူမှုရေး၊ စီးပွားရေး အဆက်အသွယ်မရှိသည်မှာလည်း ယနေ့တိုင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကာယကံရှင်မိတ်ဆွေတို့အား ထိခိုက်နစ်နာစေခဲ့သည့်အတွက် ကျွန်တော်အား ခွင့်လွှတ်ပေးပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။ ဇွဲရန်အောင်လှ(ခ)အောင်လ [၁၂/မရက(နိုင်) ၁၄၂ဝ၁၃] “လို့ အောင်လက ထည့်သွင်းကြော်ငြာထားတာ ဖြစ်ပါတယ်။

အသံဖိုင်ထဲမှာ သူအိပ်ဖူးတယ် ပုံပို့တယ်ဆိုပြီး အနုပညာရှင်အမျိုးသမီးတွေရဲ့ နာမည်တချို့နဲ့ တခြား မိန်းကလေးနာမည်တချို့ကို အဆိုတော် အောင်လက ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ တချို့က နစ်နာသူမိန်းကလေးတွေကတော့ ဥပဒေကြောင်းအရ ဖြေရှင်းဖို့ သတင်းတွေထွက်ပေါ်ခဲ့သလို မအေးသောင်း၊ နန်းဆုဦးတို့ကလည်း လူမှုကွန်ရက်မှာ မသက်ဆိုင်ကြောင်း ဖြေရှင်းခဲ့ကြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကာယကံရှင်တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့ကလည်း ပို့စ်တင်ဖြေရှင်းခဲ့ကြပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *