၁၂. ၄. ၂၀၂၄
Written By Thandar

ပျော်ရွှင်စရာ နှစ်သစ်ကြိုဆိုတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်တွင်းကာလ ဖျော်ဖြေရေးပွဲကို နာမည်ကြီး အဆိုတော်တွေနဲ့ AQUA INYA Thingyan Music Festival သင်္ကြန်ကိုတော့ ဧပြီ ၁၃ ရက်ကနေ ဧပြီ ၁၆ ရက်အထိ နံနက် ၉ နာရီကနေ ညနေ ၅ နာရီ ၄၅ မိနစ်အထိ Inya Lake Garden မှာ ၄ ရက် တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ Traditional အရ ရိုးရာမပျက် ရေဆော့ကစားနိုင်ဖို့တွက် အုန်းလက်မဏ္ဍပ်လေးတွေနဲ့ နေရာအသီးသီး ခွဲထားပါတယ်။ မြန်မာ့ရိုးရာ သနပ်ခါးတွေလိမ်းဖို့အတွက် သနပ်ခါးနဲ့ ကျောက်ပျဉ်ရယ်၊ နောက် မုန့်လုံးရေပေါ် အပြင် ရိုးရာမြန်မာမုန့်အစုံကို စတုဒီသာကျွေးမွေးမယ့် အစီအစဉ်တွေ ပါပါတယ်။ ရေပတ်ဆော့ကစားသူတွေအတွက် Water Zone အပြင် ရေမစိုဘဲ အဆိုတော်တွေ ၊ DJ တွေရဲ့ ဖျော်ဖြေမူကို သောက်ရင်းစားရင် နားဆင်နိုင်မယ့် Dry Zone ပေါ့။ နောက် သူငယ်ချင်းတွေနဲ့အတူတူ ရေစိမ်လို့ရမယ့် Swimming Pool၊ အပူဒဏ် လျော့အောင် ရေမှုန် ရေမွှားတွေ ပက်ဖျန်းပေးတဲ့ Mist System ထည့်ပေးထားပါတယ်။ လာရောက်ကြဖို့ဖိတ်ခေါ်ပါတယ်”လို့ အဆိုပါပွဲ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာတော့ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ဇော်ပိုင်၊ ဂရေဟမ်၊ ဖိုးကာ ၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ချောစုခင်၊ ဟဲလေး ၊ လွှမ်းပိုင်၊ အိမ့်ချစ် ၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ အိုင်းရင်းဇင်မာမြင့်၊ စန္ဒီမြင့်လွင်၊ ချမ်းမြေ့မောင်ချို တို့ က တေးသီချင်းတွေနဲ့ သီဆိုမှာဖြစ်သလို Happy Band နဲ့ Frequency Band အပြင် Thailand နိုင်ငံက Special Guest Dj Artist အမိုက်စားတွေနဲ့ နေ့ရက်အလိုက် ဖျော်ဖြေ တင်ဆက်ပေးကြမှာဖြစ်ပါတယ်။

လက်မှတ်တွေကိုတော့ GA ,VIP ,VVIP လို့ သတ်မှတ်ထားပြီး နေ့ရက်အလိုက် စျေးနှုန်းတွေ သီးသန့်ခွဲထားတာဖြစ်ပြီးတော့ တဖြေးဖြေးစျေးမြင့်တက်သွားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News