၈.၄.၂၀၂၄
Written By Thandar

ပျော်ရွှင်စရာ အနှစ်သာရပြန်လည်ရရှိစေမယ့် “နှစ်ဦးကြိုတဲ့ သင်္ကြန်” Mini ဇာတ်လမ်းတိုမိတ်ဆက်ပွဲကို ယနေ့ ဧပြီ ၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။

“သင်္ကြန် ပျော်ရွှင် ဟာသလေးရယ် အလွဲလေးတွေ ပါတဲ့ကားလေးပါ။ အပျော်ပုံစံလေးကိုမှ နန်းခင်ကတော့ ဒီကားမှာ Tomboy ပုံစံလေးနဲ့ ပါဝင်ထားပါတယ်။ ဆံပင်တုတွေ စွတ်တာလေးတွေလည်း ပါပါတယ်။ အမှတ်မထင် လူကိုဆွဲလိုက်တော့ ဆံပင်တုစွပ်ထားတာကြီးပါလာတော့ အမှတ်တရပါပဲ”လို့ သရုပ်ဆောင် နန်းခင်ဇေယျာက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း မိုးနီလွင် ရေးသားပြီးတော့ ဇာတ်လမ်း ဒါရိုက်တာ ရာဇဝင်ကိုက မြန်မာ့ရိုးရာနှစ်ဦးကြို သင်္ကြန်အရသာကို ဖော်ညွှန်းရိုက်ကူးထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ တေဇလင်းရောင် ၊ ဟင်နရီ ၊ သတ္တိ ၊ ထက်လျှမ်း ၊ နန်းခင်ဇေယျာ ၊ သံသာညီ ၊ နန်းအိန္ဒြေ ၊ မေရီမျိုး ၊ တင်းပန့်ကြည်ဝင်း ဧည့်သည် သရုပ်ဆောင် ဝီလျှံနဲ့ အနုပ ညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။

အပိုင်း ၄ ပိုင်းပါဝင်တဲ့ “နှစ်ဦးကြိုတဲ့ သင်္ကြန်”Mini ဇာတ်လမ်းတိုကို လာမယ့် ဧပြီ ၁၅ ရက်ကနေ ဧပြီ ၁၈ ရက်အထိ ည ၉ နာရီအချိန်မှာ Sky Premium HD ရုပ်သံလိုင်း ၊ ဧပြီ ၁၉ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ည ၇ နာရီ မှာ Myanmar Art Channel တို့အပြင် Channel 9 ရုပ်သံလိုင်းတွေမှာပါ ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *