MT News
၈. ၄. ၂၀၂၄

ယနေ့ ဧပြီလ (၈) ရက် နံနက် (၂) နာရီတွင် စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်းကျေးရွာအခြေပြု ကျွန်းကုန်းရွာ ၊ သောင်သွတ်ရွာ ၊ အင်းကြင်းမော်ရွာ ၊ မနော်သာရွာမှ ပြည်သူ့စစ် (ပျူစောထီး) အင်အား စုစုပေါင်း (၁၂၀) ခန့် လက်နက်ချ အညံ့ခံခဲ့သည်ဟု NUG စစ်ရုံးချုပ်က ယခုထုတ်ပြန်သည်။

အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးလှုပ်ရှား တပ်ရင်း (၄၊ ၈)၊ မော်လိုက်ခရိုင် တပ်ရင်း-၁၊ ခန္တီးခရိုင် တပ်ရင်း-၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ (၉) ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ထားပြီး (၁၀) ရက်မြောက်နေ့တွင် လော်စပီကာဖြင့် လက်နက်ချ အလင်းဝင်ရန် လှုံ့ဆော်တိုက်တွန်းခဲ့ရာမှ ယခုလို လက်နက်ချ အညံ့ခံခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ကျွန်းကုန်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ (၁၃၀) လက်အပါအဝင် ခဲယမ်းမီးကျောက်မျိုးစုံ သိမ်းပိုက်ရရှိခဲ့ဟုလည်း NUG စစ်ရုံးချုပ်၏ အသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *