၈. ၄. ၂၀၂၄
Translated by Htwe Ko Tun

ရုရှားနိုင်ငံ ယူရယ်လ်ဒေသ၊ ဗော်လ်ဂါဒေသနှင့် အနောက်ဆိုက်ဘေးရီးယားဒေသတို့တွင် ရေလွှမ်းမိုးမှုကြောင့်လူနေအိမ်ခြေ ၁၀,၄၀၀ ခန့် ရေလွှမ်းမိုးခြင်းခံရကာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ထိုဒေသများအတွင်း မြစ်ရေများမြင့်တက်ကာ ရေလွှမ်းမိုးမှုခံနေရသော ပြည်သူများကို ကယ်ဆယ်ရေးများ ဆောင်ရွက်နေရကြောင်း ရုရှားအစိုးရက ဧပြီလ ၈ ရက်တွင် ပြောခဲ့သည်။

ရုရှားအစိုးရက ဧပြီလ ၇ ရက်ကပင် အိုရင်ဘာ့ဂ်ဒေသအတွင်း အရေးပေါ်အခြေအနေကြေညာခဲ့သည်။ ဒေသအတွင်း ယူရယ်လ်မြစ်က အော့စ်ခ်နှင့် အိုရင်ဘာ့ဂ် ကဲ့သို့ အဓိကမြို့ကြီးများ၏နေရာအတော်များများကို ရေလွှမ်းမိုးသည်အထိ မြစ်ရေလျှံတက်လာခဲ့သည်။

အိုရင်ဘာ့ဂ်ဒေသအတွင်း လူနေအိမ်ခြေ ၁၀,၄၀၀ ကျော်မှာ ရေလွှမ်းမိုးခံနေရကြောင်း ရုရှားနိုင်ငံ၏ အရေးပေါ် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရေလွှမ်းမိုးခံနေရသော ပြည်သူထောင်ပေါင်းများစွာကိုလည်း ကယ်တင်နိုင်ခဲ့ရာ အများအားဖြင့် ကာဇက်စတန်နိုင်ငံအနီးမှဖြစ်ကြောင်း သိရသည်။

အော့စ်ခ်မြို့တွင်လည်း အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြို့အနီးရှိဆည်တစ်ခု ကျိုးကျကာ ယူရယ်လ် မြစ်ရေ လျှံကျပြီး မြို့အတွင်းရေကြီးလာခဲ့သည်။

ထို့ပြင် ဆိုက်ဘေးရီးယားဒေသနှင့် ဗော်လ်ဂါဒေသတို့အပြင် ရုရှားနိုင်ငံအလယ်ပိုင်းဒေသများ၌လည်း ရေ လွှမ်းမိုးမှုများဖြစ်နေကြောင်း၊ စုစုပေါင်း ဒေသ ၃၉ ခုအတွင်း အဆောက်အအုံ ၁၀,၄၀၀ ကျော် ရေလွှမ်းမိုးခံနေရကြောင်း အရေးပေါ်ဝန်ကြီးဌာနက‌ ကြေညာခဲ့သည်။

Ref- Moscow Times

Leave a Reply

Your email address will not be published. Required fields are marked *