၈. ၄. ၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်းမြို့ပတ်လမ်းရှိ “ရွှေလီထွန်း”ဘီယာဆိုင်အတွင်းသို့ မော်တော်ယာဥ်တစ်စီး အရှိန်လွန်၍ ဝင်တိုက်မိရာမှ လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၈ ရက် နံနက် ၈ နာရီအချိန်တွင် Prado ယာဥ်တစ်စီးမှ အရှိန်လွန်၍ “ရွှေလီထွန်း” ဘီယာဆိုင်သို့ ဝင်တိုက်မိရာ ဆိုင်အတွင်း ထိုင်နေသူ နှစ်ဦးနှင့် ထိုဆိုင်ရှေ့ရှိ အမျိုးသမီးတစ်ဦးတို့ကို ဝင်တိုက်မိသောကြောင့် သုံးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးတစ်ယောက်ကတော့ ဆေးရုံပါတင်လိုက်ရတယ်။ သူစီးတဲ့ဆိုင်ကယ်လည်း ပျက်စီးသွားတယ်။ ကားကလည်း ရှေ့ပိုင်းပျက်စီးသွားတယ်။ အရှိန်လွန်ပြီး တိုက်မိတာနဲ့တူတယ်။ ဆိုင်ထဲ နှစ်ယောက်နဲ့ ခုနကဆိုင်ကယ်နဲ့အမျိုးသမီး စုစုပေါင်း သုံးယောက် ဒဏ်ရာရတယ်” ဟု နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ -နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *