၈. ၄. ၂၀၂၄
Written by Thettant

လှည်းတန်းကုန်းကျော်တံတားပေါ် ယာဥ်ငယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိပြီး လူငယ်တစ်ဦးသေဆုံးမှု ဒီညနေက ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်မှုဖြစ်စဥ်အရ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းတံတားပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားတယ်လို့ ဒီနေ့ ၄ နာရီ ၂၂ မိနစ်ခန့်မှာ သတင်းရရှိတာကြောင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့နဲ့ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာမှာ ညနေ ၄ နာရီ ၃၃ မိနစ်အချိန်မှာ ကူညီမှု ပြီးစီးခဲ့သလို ဒီ ဖြစ်စဉ်ကြောင့် အမျိုးသားငယ်တစ်ဦးသေဆုံးတာကို ပြည်သူ+လူရွှင်တော် (စမ်းချောင်း) ပရဟိတအသင်း သူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တာလို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

“အိမ်စီးကားက Souest ။ အဲဒီကားကို Hijet က အရှိန်လွန် ဝင်တိုက်တာ။ မြေနီကုန်းဘက်ကတက်လာပြီး တစ်ဖက်ယာဥ်ကြောကို ရောက်သွားတာမှာ အရှိန်လွန်ပြီး ဝင်တိုက်တာ။ အိမ်စီးကားက အမျိုးသားနဲ့အမျိုးသမီးက ထိခိုက်မှုနည်းတယ်။ ဝင်တိုက်တဲ့ကားက တစ်စီးလုံးမွမွကြေသွားသလို အလောင်းကလည်းကားခေါင်းထဲညပ်နေတာ။ ဆုံးသွားတာက လူငယ်ပဲ။ အသက်ကလည်း ၂၀ ကျော်ရုံပဲရှိဦးမယ်”လို့ ပါဝင် ကူညီပေးခဲ့သူတစ်ဦးက သူသိရသမျှဖြစ်စဥ်ကို ကနဦးပြောပါတယ်။

ပုံစာ။ လှည်းတန်းကုန်းတံတားပေါ်ဖြစ်ပွားသောယာဥ်တိုက်မှုမြင်ကွင်း (Photo – MFSD & Credit)

Leave a Reply

Your email address will not be published. Required fields are marked *