၆.၄.၂၀၂၄
Written by TZ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ရှားတောကျေးရွာအတွင်း PDF များခိုအောင်းနေကြောင်း သတင်းရရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းပစ်ခတ်ရာ PDF (၅) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ရှားတောကျေးရွာအတွင်း PDF များနေထိုင်သည့် နေရာကိုဝင်ရောက်ရှင်းလင်းပစ်ခတ်ချိန် PDF အလောင်း (၅) လောင်း၊ လက်လုပ် ၄၀မမ သေနတ် ၂ လက်၊ လက်လုပ်သေနတ် ၅ လက်၊ ၁၂ ဗို့ကျည် ၁၅ တောင့် ၊ ၁၀ယောက်အိပ်လူနေတဲ ၁ လုံး နှင့်အတူ အုပ်ချုပ်မှုတဲ ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။

ဧပြီ ၅ ရက်နေ့ကလည်း ရွှေဘိုမြို့တွင် စစ်ဆေးခြင်းမခံဘဲ မောင်းနှင်သွားသည့် မော်တော်ယာဥ်နှင့်မော်တော်ဆိုင်ကယ်အား လိုက်လံပစ်ခတ်ရာ PDF (၁) လောင်းနှင့်အတူ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *