၆ . ၄ .၂၀၂၄
Written by MMAK

◾ခရစ္စတယ်ပဲလေ့စ် Vs မန်စီးတီး

အမှတ်မလိုတဲ့ ခရစ္စနယ်ပဲလေ့စ်အတွက် ဖိအားမရှိပေမဲ့ မန်စီးတီးအတွက်က အနိုင်ရဖို့ အရေးကြီးသလို ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားရတော့မှာ ဖြစ်တာကြောင့် ကစားသမားအင်အားကို ချင့်ချိန် အသုံးပြုရမဲ့ အချိန်ဖြစ်နေပါတယ်။ မန်စီးတီးသာ တကယ်ကန်မယ်ဆို အမှတ်မလိုတဲ့ ပဲလေ့စ်ကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်တာ ဖြစ်ပေမဲ့ မန်စီးတီး တကယ်မကန်တော့ဘူးဆိုရင် အားပေးရတာ တော်တော်စိတ်ပျက်ဖို့ ကောင်းတဲ့ ကစားပုံမျိုးတွေ့ရပါတယ်။ ဘောလုံးကိုင်ထားပြီး တိုက်စစ် မဆင်တော့ဘဲ ဟိုပေးလိုက် ဒီပေးလိုက် နောက်ပြန်ပေးလိုက်နဲ့ အချိန် ကုန်တတ်ပါတယ် l။ ဝေါ်ကာနဲ့ အီဒါဆင်မပါနိုင်သေးသလို ဟာလန်း ဂိုးပေါက်ပျောက်နေတဲ့ မန်စီးတီးအသင်း အဝေးကွင်းမှာ ဂိုးတွေ အများကြီး သွင်းနိုင်ပါ့မလား ဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီပွဲပြီးရင် ရီးရဲမက်ဒရစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကစားရမှာ ဖြစ်တာကြောင့် အနိုင်ဂိုး ရရင် ထိန်းကစားပြီး လူငယ်ကစားသမားတွေကို ထည့်သွင်းအသုံးပြုလာတာမျိုး တွေ့ရနိုင်ပါတယ်။ ဘော်ဒီကြေး နှစ်လုံး ကိုးဆယ်စားဆိုတဲ့ ပေါက်ကြေးက မန်စီးတီးအသင်း ခေါ်ကြေးဖြစ်သလို ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စားဆိုတဲ့ ပေါက်ကြေးအရလည်း ဂိုးအများကြီးမြင်ရဖို့ မရှိတဲ့ ပေါက်ကြေး ဖြစ်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး နှစ်ခုလုံး စုံအောင်ဖို့ မရှိဘဲ ဘော်ဒီပေးရင် ဂိုးပေါင်းထိန်းမှာ ဖြစ်ပြီး ဂိုးပေါင်းပေးရင် ဘော်ဒီပြန်ထိန်းမဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ဖိအားမရှိတဲ့ အိမ်ရှင် ပဲလေ့စ် တစ်ဂိုးလောက် ရသွားမယ်လို့ ယူဆတဲ့ အတွက် ပဲလေ့စ်ဘော်ဒီကို ရွေးချယ်ထားပြီး ဂိုးပေါ်နည်းနည်းလောက်ပြန်ကာထားတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

◾ အက်စတွန်ဗီလာ Vs ဘရန့်ဖို့

အက်စတွန်ဗီလာ တိုက်စစ်မှာ ဝါ့ကင့်စ် မပါနိုင်သေးပေမဲ့ ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်လာတဲ့ အသင်းခေါင်းဆောင် မက်ဂင်းပြန်ပါလာမှာ ဖြစ်ပါတယ်။ အိမ်ရှင်ဗီလာရဲ့ တစ်လုံးလေးဆယ်စား ဘော်ဒီကြေးအရ နိုင်ခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ယူဆလို့ ရသလို ဂိုးပေါင်းကြေး သုံးလုံး နှစ်ဆယ်ရှုံးအရ အဝေးကွင်း ဘရန့်ဖို့ တစ်ဂိုးပြန်ရမဲ့ ပေါက်ကြေး ဖြစ်နေပါတယ်။ ဘရန့်ဖို့တိုက်စစ်မှာ အမ်ဘူမို ပြန်ပါလာတာကြောင့် အိုဗန်တိုးနေးနဲ့ အမ်ဘူမို တိုက်စစ်အတွဲက ဂိုးရဖို့ သေချာသ​လောက်ရှိပါတယ်။ ဘရန့်ဖို့ဂိုးရမယ်ဆိုရင် ဗီလာရဲ့ ဘော်ဒီကြေး အပြည့်အောင်ဖို့ ခက်ခဲသွားမဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒီပွဲမှာ ဗီလာနိုင်ခဲ့ရင်တောင် ဂိုးပြတ်အနိုင်ရသွားမယ်လို့ မထင်တဲ့အတွက် ပြားလေးဆယ်လောက်ရင်းပြီး အဝေးကွင်း ဘရန်ဖို့အသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾အဲဗာတန် Vs ဘန်လေ

တန်းဆင်းဇုန်က ဘန်လေနဲ့ တန်းဆင်းဇုန်အထက်က အဲဗာတန်တို့ ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်တဲ့အတွက် တန်းဆင်းဇုန်တိုက်ပွဲလို့ ယူဆလို့ရပြီး အကြိတ်အနယ် ကစားကြမဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ နောက်ဆုံးလေးပွဲဆက် မရှုံးခဲ့တဲ့ ဘန်လေအသင်း ရမှတ်ခြောက်မှတ် စုဆောင်းနိုင်ခဲ့သလို ရုန်းအားပိုကောင်းလာတာ တွေ့ရပါတယ်။ ဘန်လေအနေနဲ့ တန်းဆင်းဇုန်ပြိုင်ဘက် အဲဗာတန်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် တန်းဆင်းရဖို့ သေချာသလောက် ဖြစ်သွားပါလိမ့်မယ်။ ဒီပွဲမှာ အိမ်ရှင်အဲဗာတန်က တစ်လုံးသုံးဆယ်စားအထိ ပေးထားတာ ဖြစ်လို့ အဲဗာတန်အသင်း ဂိုးရမှာ ဖြစ်သလို ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားပေါက်ကြေးအရ  ဘန်လေအသင်းလည်း ဂိုးရနိုင်ပါတယ်။ အဲဗာတန်အသင်းဂိုးရနိုင်မဲ့ ပေါက်ကြေးမျိုးတွေ့ရသလို ဘန်လေအသင်းကလည်း တိုက်စစ်ဖွင့်ကစားမဲ့ အနေအထားကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ ဂိုးပေါ် တစ်မျိုးတည်းကိုသာ ရွေးချယ်ပေးချင်ပါတယ်။

◾ဖူဟမ် Vs နယူးကာဆယ်

ဖူဟမ်အသင်းက ဖိအားမရှိတော့တာ ဖြစ်တဲ့အတွက် ပွဲစဉ်တိုင်းကို တိုက်စစ်နဲ့ ချည်းကပ်ကစားတာမျိုး တွေ့ရသလို ဖူဟမ်ရဲ့ အိမ်ကွင်းမှာ အာဆယ်နယ်နဲ့ စပါးတို့ အရှုံးနဲ့ အိမ်ပြန်ခဲ့ရတာမျိုးတောင် ရှိပါတယ်။ နယူးကာဆယ်က အဝေးကွင်းမကောင်းသလို ဖူဟမ်ကွင်းမှာ တိုက်စစ်ဖွင့်ကစားမယ်ဆို အိမ်ရှင်ဖူဟမ် အကြိုက်ဖြစ်သွားပါလိမ့်မယ်။ ဒီပွဲမှာ အိမ်ရှင် ဖူဟမ်က ကြေးကြောပြန်ပေးထားတာ တွေ့ရပြီး ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားသလို ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ် အရှုံးဖြစ်ပါတယ်။ ဖူဟမ်ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်က ပိုကောင်း ပိုမြန်သလို အိမ်ကွင်းဖြစ်နေတာကြောင့် နယူးကာဆယ် ကောင်းကောင်းအခက်တွေ့ပါလိမ့်မယ်။ အဝေးကွင်းညံ့တဲ့ နယူးကာဆယ်ကို မကြိုက်လို့ ကြေးကြော ပြန်ပေးထားတဲ့ အိမ်ရှင်ဖူဟမ်ကို ရွေးချယ်ရမှာပါ။ ဖူဟမ် မရှုံးနိုင်ဘူးလို့ ယူဆတဲ့အတွက် ပြားသုံးဆယ်ရင်းပြီး အိမ်ရှင်ဖူဟမ်ကို ရွေးချယ်ပါမယ်။

◾လူတန်တောင်း Vs ဘုန်းမောက်

ဘုန်းမောက်အသင်း အမှတ်မလိုအပ်သလို ကြေးပါးပါးလောက်သာ ပေးထားပြီး ကြေးအောင်တာ များနေပါပြီ။ အိမ်ရှင်လူတန်အသင်းမှာ လူမစုံဘူးဆိုပေမဲ့ အမှတ်လိုအပ်ချက် ပြင်းထန်နေသလို ဘာကလေ ၊ မောရစ် ၊ တာဟစ်ချောင်တို့ရဲ့ကစားအားနဲ့  အနည်းဆုံး သရေတော့ ခံကစားနိုင်ပါတယ်။ နှစ်ပွဲဆက် ရှုံးနိမ့်ထားလို့ အမှတ်မရခဲ့သလို ဒီပွဲပြီးရင် မန်စီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် ဒီပွဲမှာ အမှတ်ရဖို့ အိမ်ရှင်လူတန်အသင်း အားထည့်ကစားလာမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အဝေးကွင်းဘုန်းမောက်အသင်းက တစ်လုံး ကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်အရှုံး ဖြစ်ပါတယ်။ လူတန်အသင်း အဝေးကွင်းညံ့ပေမဲ့ အိမ်ကွင်းကောင်းတဲ့ အသင်းဖြစ်သလို အမှတ်ရဖို့ အရေးကြီးနေတဲ့ ပွဲစဉ်ဖြစ်နေပါတယ်။ ဘုန်းမောက်အသင်းလည်း ကြေးကျချိန် တန်နေတဲ့အချိန်ဖြစ်လို့ အိမ်ရှင်လူတန် အသင်းကိုရွေးချယ်ပေးချင်ပါတယ်။

◾ဝုဗ် Vs ဝက်စ်ဟမ်း

အမှတ်မလိုအပ်သလို တိုက်စစ် ကစားသမားတွေ ဒဏ်ရာ ရနေတဲ့ ဝုဗ်အသင်း နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်သိပ်မကောင်းတာ တွေ့ရပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်ကစားသမားတွေ အချိတ် အဆက်မိမိကစားနိုင်တာကြောင့် သွင်းဂိုးရဖို့ စိတ်မပူရပါဘူး။ တကယ်လို့ အိမ်ရှင်ဝုဗ်အသင်းသာ အနိုင်ရသွားမယ်ဆို ဝက်စ်ဟမ်းရဲ့အထက်ကို ရောက်သွားမှာ ဖြစ်လို့ ဝက်စ်ဟမ်းအသင်းအနေနဲ့ အာရုံစိုက်ကစားလာနိုင်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဝုဗ်အသင်းက ပြားနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်ကစားပုံကြောင့် ဝက်စ်ဟမ်းအသင်း ဂိုးရသွားမယ်လို့ ယူဆထားပါတယ်။ ဒီအတွက်ကြောင့် အဝေးကွင်းဝက်စ်ဟမ်းအသင်း အနည်းဆုံး သရေလောက်တော့ ရမယ်ထင်ပါတယ်။ သရေကျရင်တောင် ပြားနှစ်ဆယ် အနိုင်ရမဲ့ ဝက်စ်ဟမ်းအသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

◾ဘရိုက်တန် Vs အာဆင်နယ်

လီဗာပူးနဲ့ အဝေးကွင်းပွဲစဉ်မှာ ဘရိုက်တန်ရဲ့ ကစားပုံ မဆိုးလှသလို သူတစ်ပြန် ကိုယ်တစ်ပြန် ကစားသွားနိုင်တာကို တွေ့ရပါတယ်။ ယခုဘရိုက်တန်ရဲ့ အိမ်ကွင်းမှာ အာဆင်နယ် ခက်ခက်ခဲခဲ ကစားသွားရနိုင်ပါတယ်။ အဝေးကွင်း အာဆင်နယ်က တစ်လုံး နှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခြောက်ဆယ်စား ဖြစ်ပါတယ်။ အာဆင်နယ်အသင်း အမှတ်လိုအပ်နေတာ ဖြစ်ပေမဲ့ ဘရိုက်တန်ကို နှစ်ဂိုးပြတ်အနိုင်ရပါ့မလားဆိုတာ သံသဖြစ်နေသလို ဘိုင်ယန်နဲ့  ချန်ပီယံလိဂ်ပွဲစဉ် ကစားရဖို့ ရှိနေသေးတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်း စဉ်းစားသင့်တာ ဖြစ်ပါတယ်။ လီဗာပူးက မန်ယူနဲ့ ပွဲကျပ် ကစားဖို့ ရှိနေတာကြောင့် အာဆင်နယ်အသင်းကို အနိုင်ရဖို့အာရုံစိုက်ကစားလာမှာ ဖြစ်ပါတယ်။ အဝေးကွင်း တိုက်စစ်ကောင်းတဲ့ အာဆင်နယ် ဂိုးရမှာ ဖြစ်သလို အိမ်ရှင်ဘရိုက်တန်ကိုလည်း ဂိုးပေးချင်တာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်ဘရိုက်တန်နဲ့ ဂိုးပေါ်ကို တွဲရွေးပေးချင်ပြီး အိမ်ရှင်ဘရိုက်တန်သာ တစ်ဂိုးရခဲ့ရင် အရှုံးမရှိတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *