၃.၄.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းကျေးရွာ တောင်ပိုင်းအနီးတွင် ပစ်ခတ်ရန်အသင့်ပြင်ဆင်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၄ တွဲကို လုံခြုံရေးတပ်ဖွဲ့မှ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၃ ရက် ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် တပ်ကြီးကုန်းကျေးရွာတောင်ပိုင်း (၄)ဖာလုံခန့်အကွာ၊ ကွင်းအမှတ်(၅၈၂/က)၊ အမှတ်(၄)လမ်းမကြီးမိုင်တိုင်အမှတ် ၁၁/၅နှင့် ၁၁/၆ကြား လမ်းဘေးရှိ ကိုက်(၁၀၀)ခန့်အကွာတွင် ရှော့တိုက်ဒုံးများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

ထိုရှော့တိုက်ဒရုံးများမှာ မှော်ဘီလေတပ်စခန်းဘက်သို ပစ်ခတ်ရန် အသင့်ပြင်ဆင်ထားရှိသည့် ၁၀၇ မမ ရှော့တိုက်ဒုံး(၄)တွဲ တွဲလျက်ပါရှိပြီး ဝါယာကြိုးများဖြင့် ချိတ်ဆက်ပူးတွဲထားကြောင်းလည်း သိရသည်။

အဆိုပါရှော့တိုက်ဒုံးကို အသင့်တင်ထားရှိပြီး ဆာလာအိတ်ဖြင့်ထည့်ထားသည့် သဲအိတ်(၂)အိတ်ဖြင့် ဖိထား၍ ကျန်ဆာလာအိတ်ဖြင့်ထည့်ထားသည့် သဲအိတ်(၄)အိတ်ကို ဘေးတွင် ပစ်ခတ်သူမထိစေရန် ရံထားသည်ကိုလည်းတွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *