၃ .၄ .၂၀၂၄
Written by MMAK

◾အာဆင်နယ် Vs လူတန်တောင်း

အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးနဲ့ အဝေးကွင်းပွဲစဉ်မှာ သရေရလဒ် ထိန်းကစားခဲ့တာကြောင့် ထိပ်ဆုံးက လီဗာပူးနဲ့ နှစ်မှတ်ပြတ်သွားတဲ့အတွက် လက်ကျန်ပွဲစဉ်တွေမှာ အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားရတော့မှာ ဖြစ်ပါတယ်။ လူတန်တောင်းအသင်းမှာ ဒဏ်ရာရကစားသမားများနေသလို အိမ်ကွင်းကောင်းတယ်ဆိုပေမဲ့ အဝေးကွင်းညံ့တဲ့ အသင်းထဲမှာ ပါဝင်ပါတယ်။ အာဆင်နယ်ရဲ့ အိမ်ကွင်းမှာ လူတန်တောင်းအသင်းကို မနိုင်စရာအကြောင်းမရှိပါဘူး။ ဒါပေမဲ့ သုံးဂိုးပြတ် အနိုင်ရမှ အာဆင်နယ်အသင်း ပြားရှစ်ဆယ်သာ စားရမယ်ဆိုတဲ့ ဘော်ဒီကြေးပေးထားသလို ဂိုးပေါင်းကြေး လေးလုံးသရေ ပေါက်နေပါတယ်။ ဒီပွဲမှာ ဘော်ဒီထက် ဂိုးပေါင်းကြေးကို စဉ်းစားရမယ်ဆို လူတန်အသင်းမှာ လူမစုံသလို နောက်ဆုံးရှစ်ပွဲမှာ သုံးဂိုးသာ ပေးထားရတဲ့ အာဆင်နယ်အသင်း ခံစစ်ကို ဂိုးသွင်းနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။ လူတန်တောင်းအသင်း ဂိုးမရဘူးဆို ဂိုးပေါင်းကြေး လေးလုံးသရေမှာ အာဆင်နယ်အသင်းက ငါးဂိုးထိသွင်းမှ ဂိုးပေါင်းကြေး အောင်မှာ ဖြစ်ပါတယ်။ အာဆင်နယ်ကွင်းမှာ ခံစစ်ပိတ်ကစားလာမဲ့ လူတန်တောင်းအသင်းကို အာဆင်နယ်အနေနဲ့ ငါးဂိုးပြတ်နိုင်သွားမယ်လို့ မထင်ပါဘူး။ အာဆင်နယ်အသင်းကို သုံးဂိုးပြတ်ထိ ဘော်ဒီကြေး အနိုင်ပေးပြီး ဂိုးပေါင်းကြေး ပြန်ထိန်းသွားမယ် ထင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ ငါးဂိုးအထိ မရောက်နိုင်ဘူးလို့ ယူဆတဲ့အတွက် ဂိုးအောက်တစ်ကြောင်းတည်းကိုပဲ ရွေးချယ်ထားစေချင်ပါတယ်။

◾ဘရန့်ဖို့ Vs ဘရိုက်တန်

ဘရန့်ဖို့ အသင်းအနေနဲ့ တန်ဆင်းဇုန် အန္တရာယ် မရှိဘူးဆိုပေမဲ့ အခုအိမ်ကွင်းပွဲ အနိုင်ရမယ်ဆိုရင် တန်းဆင်းဇုန်နဲ့ လွတ်လွတ်ကျွတ်ကျွတ် ရမှတ်ကို ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းကလည်း ဒီပွဲအနိုင်ရမယ်ဆို အဆင့်ခြောက်နေရာကို မျှော်မှန်းလို့ရပါတယ်။ နောက်ရာသီမှာ ဥရောပဝင်ခွင့်အတွက် ပုံစံအပြောင်းအလဲ ဖြစ်နိုင်တာကြောင့် အဆင့် ၆ နေရာဟာ ဥရောပဝင်ခွင့် ရသွားနိုင်ပါတယ်။ ဒီပွဲစဉ်မှာ ဘော်ဒီကြေး ဒဲ့အနေအထားပေါက်နေပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးသရေဆိုတဲ့ ပေါက်ကြေးမှာ တစ်ဖက်တစ်ဂိုးစီ သေချာနေတဲ့အပြင် အနည်းဆုံးသုံးဂိုးရောက်မယ်လို့ ယူဆထားလို့ ရပါတယ်။ နှစ်သင်းလုံး တိုက်စစ်ကောင်းသလို တိုက်စစ်ဖွင့်ကစားကြမဲ့ ပွဲစဉ်မှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု အပြည့်အဝပေးမဲ့ ပွဲစဉ်ဖြစ်လာမှာပါ။ အနည်းဆုံး သုံးဂိုးလောက်က အသာလေးရောက်သွားနိုင်တဲ့ ပွဲစဉ်မှာ ဂိုးပေါ်က လွဲလို့ ရွေးချယ်စရာ မရှိပါဘူး။

◾မန်စီးတီး Vs အက်စတွန်ဗီလာ

မန်စီးတီးက ထိပ်ဆုံးက လီဗာပူးနဲ့ သုံးမှတ်ပြတ်သွားတဲ့အတွက် အခုအိမ်ကွင်းပွဲမှာ အနိုင်သုံးမှတ်ရဖို့ သေချာပေါက် ပြင်ဆင်ထားမှာပါ။ ဗီလာအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဘက် စပါးအသင်းက သရေကျခဲ့လို့ ဗီလာအသင်းအနေနဲ့ ဒီပွဲမှာ သရေတစ်မှတ်ကို ဦးတည်ကစားလာမယ် ထင်ပါတယ်ယ ဗီလာတိုက်စစ်မှူး ဝါ့ကင့်စ်နဲ့ အသင်းခေါင်းဆောင် မက်ဂင်း မပါနိုင်သေးတဲ့အချိန်မှာ ဗီလာအသင်းအနေနဲ့ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ထူးထူးခြားခြားရလဒ်မျိုး လုပ်ပြနိုင်မယ် မထင်ပါဘူး။ မန်စီးတီးနဲ့ အာဆင်နယ်ပွဲကို ဥပမာယူပြီးတော့ ဗီလာနည်းပြ အမ်မရီအနေနဲ့ ခံစစ်နှစ်ထပ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့သာ ကစားမယ်ဆို မန်စီးတီး အသင်းဂိုးရဖို့ ခက်ခဲလာနိုင်ပါတယ်။ ဒီပွဲမှာလည်း မန်စီးတီးအသင်းနိုင်မယ် ဂိုးမပြတ်ဘူးလို့ ယူဆထားသလို ခံစစ်ပိတ်ကစားလာမဲ့ ဗီလာကြောင့် မန်စီးတီးအသင်း ဂိုးရနောက်ကျနိုင်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်မန်စီးတီးအသင်းက ဘော်ဒီကြေး နှစ်လုံးခြောက်ဆယ်စားပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံးပေးထားတာတွေ့ရပါတယ်။ ဒီပွဲဘော်ဒီပေါက်ကြေးအရဆို ဂိုးပေါင်းကြေးက သုံးလုံးအရှုံးလောက်ထိ ပေါက်
သင့်တာ ဖြစ်ပေမဲ့ ဗီလာတိုက်စစ်မှာ ဝါ့ကင့်စ် မပါနိုင်တာကြောင့် ဗီလာအသင်း ဂိုးရဖို့ခက်ခဲမယ်လို့ ယူဆထားပုံရပါတယ်။ ခံစစ်ကို အဓိက အားပြုကစားလာမဲ့ ဗီလာအသင်းကြောင့် မန်စီးတီးအသင်း ဂိုးရနောက်ကျနိုင်ပြီး အနိုင်ဂိုးရခဲ့ရင်လည်း ဘောလုံးကိုင်ထားပြီး ပလာတာ ရိုက်နေတာနဲ့ အချိန်ကုန်သွားပါလိမ့်မယ်။ ဂိုးအောက်ကိုသာ အပိုင်ရွေးချယ်သင့်ပါတယ်။

◾လေဗာကူဆင် Vs ဒူဆယ်ဒေါ့

ဒီရာသီမှာ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ ပြိုင်ပွဲစုံ သုံးဆယ့်ကိုးပွဲထိ ရှုံးပွဲမရှိထားသလို အမှတ်ပေးဖလားဟာ လေဗာကူဆင်အသင်းအတွက် သေချာသလောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်ယ ဒီဆီမီးဖိုင်နယ်ပွဲကစားပြီးရင် ဖိုင်နယ်မှာလည်း အောက်အသင်းနဲ့သာ ကန်ရမှာ ဖြစ်လို့ ဒီပိုကယ်ဖလားဟာလည်း လေဗာကူဆင်အသင်းအတွက် သေချာသလောက်ရှိနေပြီလို့ ယေဘုယျ သုံးသပ်လို့ရပါတယ်။ လိဂ် နှစ်ကလပ် ဒူဆယ်ဒေါ့ကိုအနိုင်ရမယ်ဆို ဖိုင်နယ်မှာ ကန်ရမဲ့ ကိုင်ဇာစလော့တန်အသင်းက ဒူဆယ်ဒေါ့ထက်တောင် ပိုလွယ်ကူတဲ့ အနေအထားမှာ ရှိတဲ့အတွက် ဒီပွဲနိုင်ရင် ပိုကယ်ဖလားရဖို့ သေချာနေတဲ့ အနေအထားဖြစ်ပါတယ်။ အမှတ်ပေးဖလား သေချာနေခဲ့လို့ အခုဖလားပွဲစဉ်မှာ လူစုံထုတ်ပြီး အင်တိုက်အားတိုက် ကစားလာမှာ သေချာပါတယ်။ ဒူဆယ်ဒေါ့အသင်းကောင်းတယ်ဆိုပေမဲ့ လေဗာကူဆင်အသင်းသာ တင်ကစားမယ်ဆို ဘိုင်ယန်လိုအသင်းတောင် အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင်လေဗာကူဆင်အသင်းက ဘော်ဒီကြေး နှစ်လုံးတစ်ဆယ်အရှုံးပေးထားပါတယ်။ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းက ရှုံးပွဲမရှိစံချိန်ကို ရနိုင်သလောက် ထိန်းမယ်ဆိုတဲ့ ပုံစံမျိုးတွေ့ရသလို အမှားအယွင်းခံနိုင်အောင် အောက်အသင်းတွေဆို အနိမ့်ဆုံး နှစ်ဂိုးပြတ်အနိုင်ကစားထားမယ်ဆိုတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ ဘော်ဒီကြေးအရလည်း အိမ်ရှင်လေဗာကူဆင်အသင်း အနိမ့်ဆုံး နှစ်ဂိုးပြတ်သေချာနေတဲ့အတွက် ဆယ်ပြားရင်းပြီး အိမ်ရှင်လေဗာကူဆင်အသင်းကို ရွေးချယ်ထားရမှာ ဖြစ်ပါတယ်။

◾PSG Vs ရန်းနက်

ပြင်သစ်လိဂ်မှာ PSG အသင်းက တစ်ကောင်တည်းအပြေးပြိုင်နေရတဲ့ မြင်းလိုပါဘဲ အနိုင်ရဖို့သေချာပါတယ်။ အမှတ်ပေးဖလားရဖို့ အပြည့်အဝ သေချာနေသလို PSG အသင်းသာ တကယ်ကန်မယ်ဆို လိုင်လီ၊ မိုနာကိုနဲ့ မာဆေးအသင်းတို့ဆိုတာ ဘယ်အချိန်ကန်ကန်နိုင်ပါတယ်။ ရန်းနက်အသင်းက လိုင်လီတို့ မိုနာကိုထက်တောင် ပိုနိမ့်တဲ့အသင်းမျိုးဖြစ်လို့ PSG အသင်းအနေနဲ့ အိမ်ကွင်းမှာ အနိုင်သေချာသလောက်ရှိပါတယ်။ ဒီပွဲမှာ အိမ်ရှင် PSG အသင်းက တစ်လုံးငါးဆယ်ရှုံးပေးထားတာ တွေ့ရပါတယ်။ ဒီပွဲမှာ ဘွတ်ကီတွေ လှည့်ကွက်သုံးထားတာ တွေ့ရပြီး တကယ်လို့ PSG အသင်းရဲ့ ဘော်ဒီကြေးက တစ်လုံးအပြည့်ရှုံးသာဆို တစ်လောကလုံး PSG အသင်းကို ရွေးချယ်ကြတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ PSG ရဲ့ ဘော်ဒီကြေးကို ပြားငါးဆယ်လောက် ချထားတာဖြစ်နိုင်ပြီး PSG ကစားမဲ့ ထိုးသားတွေကို လှန့်ထားတာ ဖြစ်ပါတယ်။ PSG အသင်းအနေနဲ့ အမှတ်ပေးဖလား သေချာနေသလို ဒီဖလားပွဲစဉ်မှာလည်း နှစ်ပွဲလောက်သာ ကစားပြီး ဖလားတစ်လုံးရမဲ့ အခွင့်အရေးကို လက်လွှတ်ချင်မှာ မဟုတ်ပါဘူး။ ဒီရာသီမှာ PSG နည်းပြဖြစ်လာတဲ့ လူးဝစ်အင်းနရစ်အတွက် အမှတ်ပေးဖလား သေချာနေခဲ့ပြီး နှစ်ပွဲကစားပြီး လိဂ်ဖလားရမဲ့ အခွင့်အရေးရှိနေသလို ချန်ပီယံလိဂ်ဖလားပွဲစဉ်မှာလည်း ကွာတားဖိုင်နယ် ရောက်နေတာ ဖြစ်တဲ့အတွက် ဖလားသုံးလုံးအိပ်မက်ကိုပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ တကယ်လို့ ချန်ပီယံလိဂ်ဖလား မရခဲ့ဘူးဆိုရင်တောင် ဖလားနှစ်လုံးလောက်နဲ့ နှစ်သိမ့်လို့ ရတဲ့အနေအထားဖြစ်လာအောင် ဖန်တီးပါလိမ့်မယ်။ PSG ကိုသာ ရွေးချယ်တာ အကောင်းဆုံးဖြစ်ပါတယ်။

◾တီးနား Vs အတ္တလန်တာ

အီတလီ ကိုပါအီတာလီယာ ဆီးမီးဖိုင်နယ် ပွဲစဉ် တစ်ပွဲဖြစ်ပြီး အိမ်ကွင်းအဝေးကွင်း နှစ်ကြော့ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘော်ဒီကြေး ဒဲ့အနေအထားပေါက်ပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာ သွင်းဂိုးတွေမြင်ရလေ့ရှိတယ်ဆိုပေမဲ့ နှစ်ကြော့ကစားရမှာ ဖြစ်တယ်ဆိုတဲ့အချက်နဲ့ စီရီးအေပွဲစဉ်တွေမှာ ဂိုးပေါင်းကြေးမြင့်တယ်ဆိုတိုင်း လိုက်မယုံကြဖို့ လိုပါတယ်။ အဝေးကွင်းအတ္တလန်တာ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေရသလို ယူရိုပါလိဂ်မှာလည်း လီဗာပူးအသင်းနဲ့ ကန်ရဦးမှာ ဖြစ်တဲ့အတွက် ပွဲစဉ်တိုင်းက အရေးကြီးနေပြီး ပွဲတွေဆက်တိုက်ကန်ရမှာ ဖြစ်တာကြောင့် နှစ်ကြော့ကစားရမဲ့ ဒီပွဲမှာ ထိန်းကစားပြီးအင်အားချွေတာ လာနိုင်ပါတယ်။ အိမ်ကွင်းမှ အားထည့်ကစားလာနိုင်တဲ့ အခြေအနေကြောင့် အခုအဝေးကွင်းပွဲကို ထိန်းကစားသွားမယ်လို့ ယူဆထားပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်ဆိုတာ ခေါ်ကြေးသာ ဖြစ်နိုင်ပြီး သုံးဂိုးရောက်မယ် မထင်ပါဘူး။ ဂိုးအောက်ကသာ စိတ်အချရဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *