၃. ၄. ၂၀၂၄
Written by Nay Moe

ရဟန်းသံဃာတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဆက်တိုက်သတ်ဖြတ်နေတဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က ဒီနေ့မှာလည်း တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးအကူကို ထပ်မံသတ်ဖြတ်လိုက်ပြန်ပါတယ်။

KRF ဟာ ဒီနေ့ ဧပြီ ၃ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအကူ ဦးကျော်ကျော်ကို ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဦးစန်းမောင်ဆီဆိုင်ရှေ့မှာ အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်လို့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တာပါ။ လက်နက်မဲ့ဝန်ထမ်းတစ်ဦးကို KRF နဲ့ ကျိုက်ထိုပကဖက ချောင်းမြောင်းပစ်ခတ်လို့ သတ်ဖြတ်ကြတဲ့ PDF တွေလည်း ဘေးကင်းကြတယ်ပြောပါတယ်။

ကျိုက်ထီးရိုးဘုရားဖူးတွေကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) PDF အဖွဲ့က မတ်လ ၂၄ ရက်မှာ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးဦးစံလွင်ကို သတ်ဖြတ်ခဲ့သလို မတ်လ ၂၅ ရက်မှာလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင်ကျောင်းဆရာတော်ဦးစန္ဒိမာနဲ့ စင်တော်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးတင်ငြိမ်းတို့ကို ပစ်သတ်ခဲ့သလို ဧ​ပြီ ၁ ရက်ကလည်း ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဇီဇဝါမြောက်ပိုင်းနေပြီး ဓာတ်စက်အငှားဖွင့်သူ အသက် ၇၀ အရွယ် ဦးမြအေးကိုလည်း သတ်ဖြတ်ထားပါသေးတယ်။

KRF အဖွဲ့ဟာ အဂတိလိုက်စားမှုပေါင်းများစွာနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး သူတို့က ကျိုက်ထိုနယ်မှာ ကျက်စားသလို တံတားချိုးတာ၊ လူသတ်တာကို လုပ်ဆောင်နေတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထီးရိုးဘုရားဖူးဂိတ်ကို ပစ်ခတ်တိုက်ခိုက်လို့ ဘုရားဖူးပြည်သူ ၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *