၃. ၄. ၂၀၂၄
Written By Thandar

ရော့ခ်သီချင်းတွေနဲ့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ Myanmar Star Winner ဆုရှင် Le Len ရဲ့ အိမ်ပြန်ခရီးကို ပရိသတ်တွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

သူမကတော့ ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စစ်ကိုင်းတိုင်း ကလေးမြို့လေဆိပ် ခရီးစဥ်တွေမှာ ပရိသတ်တွေ၊ မြို့သူမြို့သူသားတွေ လာရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြပြီး ဇာတိ ပြည်တော်သာကျေးရွာကိုပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

“ခုလို ကိုယ့်ကိုချစ်ခင်သူတွေ မြို့သူမြို့သားတွေ လာကြိုဆိုကြလို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ညီမကို စိတ်ကောင်းထားပြီး အမြဲနှိမ့်ချတတ်အောင် ဆုံးမပြီး စိတ်ဓာတ်ခွန်အားတွေ အမြဲပေးတဲ့ အဖေနဲ့ အမေကို ကျေးဇူးကြီးတင်ပါတယ်ရှင့်။ အဖေနဲ့ အမေက ကွဲသွားတယ်ဆိုပေမယ့် သမီးအတွက် အမြဲဆုတောင်းပေးတယ်။ အဖေကိုလည်း ချစ်ပါတယ်” လို့ Myanmar Star Winner ဆုရှင် Le Len က ပရိသတ်ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *