၃. ၄. ၂၀၂၄
Written by Tha Doe

ရွှေစျေးတွေ မြင့်တက်နေချိန်မှာ ထာဝရဝိန့်စိန်ရဲ့၁၁ ဆိုင်မြောက် ဆိုင်ဖွင့်ပွဲ ဒီနေ့မနက်ပိုင်းမှာ ကျင်းပခဲ့ပြီး ဗလာမပါကံစမ်းမဲ ကျပ် သိန်း ၁၁၀၀) ဖိုး ကံစမ်းမဲဖောက်ပေးတဲ့အတွက် လာရောက်ဝယ်ယူသူများပြားခဲ့ပါတယ်။

အလျော့တွက် လက်ခပါတဲ့ရွှေထည်ပစ္စည်းကို ဝယ်ယူသူတိုင်း ကံစမ်းခွင့်ရှိသလို ကံစမ်းမဲကို ရွှေဝယ်ယူသူကိုယ်တိုင် ခုဝယ်ခုနှိုက်ဆိုတဲ့ပုံစံနဲ့ဖွင့်လှစ်ပေးထားပြီး iPhone 15 Pro အပါအဝင် နားကပ်၊ လက်စွပ်၊ ဆွဲသီး၊ ရေခဲသေတ္တာ စတာတွေအပြင် အခြားအသုံးဝင်မဲ့ပစ္စည်းများစွာလည်း မဲဖောက်ပေးမယ်လို့ သိရပါတယ်။

ထာဝရဝိန့်စိန်ရဲ့ ၁၁ ဆိုင်မြောက် တာမွေဆိုင်ခွဲသစ် ဖွင့်ပွဲကို ဧပြီ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၅ ရက်တိုင်တိုင် အမှတ် (၁၈၉) ၊ ဗညားဒလလမ်း ၊ ယုဇနပလာဇာနဲ့မျက်နှာချင်းဆိုင်မှာ ကံစမ်းမဲတွေနဲ့တကွ စတင်ဖွင့်လှစ်ရောင်းချပေးနေတာဖြစ်ပြီး သရုပ်ဆောင် နေတိုး၊ အလင်းရောင်၊ ထူးအောင်၊ တိုင်ရွန်၊ ခိုင်သင်းကြည်၊ ရွှေသမီး၊ သွန်းဆက်၊ ရတနာဗိုလ်၊ ပန်းရောင်ခြယ်၊ စံထိပ်ထားဦး၊ သဲစုမြတ်ရွှေ၊ Vita Min၊ ဇော်ရှိုင်းထက်၊ ပြည်ညိမ်းဟန်၊ Rian တို့က ဖွင့်ပွဲတက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြည်တွင်းရွှေစျေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၅၄၀၀၀၀ အထိမြင့်တက်ခဲ့သလို ဗဟိုဘဏ်က စိစစ်အရေးယူမယ်ကြေညာအပြီးမှာ ရွှေတစ်ကျပ်သား ၄၄၄၀၀၀၀ နားပြန်ကျဆင်းသွားသလို မနေ့က ဧပြီ ၂ ရက်မှာလည်း မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်၊ ခရမ်းသုံးခွရွှေဆိုင်၊ ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသားရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာရွှေရွှေဆိုင်လုပ်ငန်းတို့ကို အရေးယူပြီး ဒီနေ့မနက်မှာတော့ ကမ္ဘာ့ရွှေစျေးက ၁ အောင်စကို ၂၂၈၄ ဒေါ်လာနဲ့ YGEA ရည်ညွှန်းစျေးက ၄၀၀၁၅၀၀ ဖြစ်ပြီး ပြင်ပပေါက်စျေးကတော့ မနက်ပိုင်းအဖွင့်စျေးမှာ ၄၃၉၀၀၀၀ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *