၃. ၄. ၂၀၂၄
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလု(အထက်)ရွာတွင် ဧပြီလ ၂ ရက်နံနက် ၃ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၇ လုံးနှင့် ဘုရားကျောင်းတစ်ကျောင်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ အလျားပေ ၂၀၊ အနံ ၂၅ ပေရှိ သက်ကယ်မိုး၊ ပျဉ်ကာ၊ ဝါးခြမ်းခင်း မြေစိုက်နေအိမ်အောက်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ သက်ကယ်ပုံသို့ မီးကူးစက်ရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

“ရွာက တောင်ပေါ်ရွာလည်းဖြစ်၊ လမ်းခရီးကလည်း သွားရခက်တာ​ကြောင့် မီးလောင်မှုက ကြာသွားတယ်။ ရွာမှာမွေးထားတဲ့ ဝက် ၁၈ ကောင်လည်း မီးထဲပါသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်နာရီကျော်ကြာ လောင်ကျွမ်းခဲ့သည့် လူနေအိမ် ၁၇ လုံး မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ မီးသတ်စက်ယာဥ်တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဒေသခံပြည်သူများက ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ၂၃ ရက်က တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စု၊ ဟွေပါလန်းရွာတွင် မီးလောင်မှု​ ဖြစ်ပွားခဲ့ရာ လူနေအိမ် ၃ လုံးနှင့် လယ်ထွန်စက် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

၁၂၀ လောက်တင်ပါ

Leave a Reply

Your email address will not be published. Required fields are marked *