၂ .၄ .၂၀၂၄
Written by MMAK

◾နယူးကာဆယ် Vs အဲဗာတန်

ဧပြီလအတွင်းမှာ ပရီးမီယားလိဂ် ပွဲစဉ်ငါးပွဲအထိ ခပ်စိပ်စိပ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ဥရောပပွဲ ကစားရမဲ့ အသင်းကြီးတွေဆိုရင် တစ်လအတွင်း ရှစ်ပွဲလောက်ထိ ကစားဖို့ရှိနေတာ ဖြစ်ပါတယ်။ နယူးကာဆယ်ရဲ့တိုက်စစ်မှာ ဂေါ်ဒွန်နဲ့ အယ်မီရွန်မပါနိုင်ပါဘူး။ နယူးကာဆယ်ရဲ့ တောင်ပံနှစ်ဖက်မှာ ညာတောင်ပံက ပွဲထွက်လာမဲ့ ဂျက်ကော့ မာဖရေးကို အဓိကတည်ကစားတာမျိုး မဟုတ်ဘဲ ဘယ်တောင်ပံက ဂေါ်ဒွန်ကို တည်ကစားတာမျိုး အများဆုံးတွေ့ရပါတယ်။ ဂေါ်ဒွန်မပါနိုင်တဲ့ အချိန်မှာ ဟာဗေးဘန်း ဝင်ကစားမှာ ဖြစ်ပေမဲ့ ဂေါ်ဒွန်လောက် မကောင်းတာကြောင့် တိုက်စစ် အားနည်းလာနိုင်ပါတယ်။ အဲဗာတန်ကလည်း  ပွဲဆက်တွေအများကြီး ကစားရမှာကြောင့် အဝေးကွင်းပွဲတွေမှာ ထိန်းကစားလာနိုင်သလို နယူးကာဆယ်အိမ်ကွင်းမှာ ဖွင့်ကစားမယ်ဆို အမှတ်ဗလာနဲ့ အိမ်ပြန်သွားရမှာပါ။ နယူးကာဆယ် တိုက်စစ်မှာ လူမစုံသလို အဝေးကွင်းမှာ ထိန်းကစားလာမဲ့ အဲဗာတန်ကြောင့် သွင်းဂိုးတွေ အများကြီး မြင်ရမယ်မထင်ပါဘူး။ လေးဂိုးသွင်းမှ အပြည့်ရှုံးမှာ ဖြစ်တာကြောင့် ဂိုးအောက်ကိုသာ ရွေးချယ်ပေးချင်ပါတယ်။

◾နော်တင်ဟန်ဖောရက် Vs ဖူဟမ်

နော်တင်ဟန်ဖောရက်က နောက်ဆုံးငါးပွဲဆက် ဂိုးအောက်ကစားထားပြီး ဖူဟမ် နောက်ဆုံး ကိုးပွဲဆက် ဂိုးပေါ်ကစားထားပါတယ်။ ဖူဟမ် အမှတ်မလိုတာကြောင့် ပွဲတိုင်းကို တိုက်စစ်ဖွင့်ကစားပြီး ဖိအားမရှိသလို ကစားနိုင်ပေမဲ့ နော်တင်ဟန်က တန်းဆင်းဇုန်အထက်နား ရောက်နေသလို လေးမှတ်လျှော့ခံထားရတာကြောင့် အမှတ်ရဖို့ အရေးကြီးနေပါတယ်။ ကြေးကြောပေးမထားနိုင်တဲ့ အဝေးကွင်းဖူဟမ်ကို မကြိုက်သလို တိုက်စစ်အားနည်းတဲ့ အိမ်ရှင်ကိုလည်း သဘောမကျပါဘူး။ သုံးလုံး ရှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ လူတိုင်းနီးပါး ဂိုးပေါ်ကစားဖို့ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်ဒီပွဲမှာ ဂိုးအောက်ရွေးချယ်ထားတာ အကောင်းဆုံးပါ။

◾ ဘုန်းမောက် Vs ခရစ္စတယ်ပဲလေ့စ်

နှစ်သင်းလုံး ဘာဖိအားမှ ရှိမနေဘဲ တန်းဆင်းရဖို့မရှိသလို ဥရောပဝင်ခွင့်ကစားရဖို့လည်း မရှိပါဘူး။ ပဲလေ့စ်က ဂိုးအောက်ကစားတတ်တဲ့ အသင်းမျိုးဖြစ်ပေမဲ့ ဂိုးပေါင်းကြေးက သုံးလုံးငါးဆယ်လောက်အထိ ပေးထားတာ တွေ့ရပါတယ်။ ဒီပွဲပြီးရင် မန်စီးတီး၊ လီဗာပူးအို့နဲ့ ဆက်တိုက်ကစားရမဲ့ ပဲလေ့စ် ဒီပွဲမှာ အမှတ်ရဖို့ ရုန်းကန်လာနိုင်တဲ့ သဘောမျိုးတွေ့ရပါတယ်။ ဘုန်းမောက်က မလိုအပ်ဘဲ ကြေးတွေစွတ်အောင်နေတာကြောင့် ဒီပွဲမှာ သရေတစ်ပေါက်ရှိနေတာ ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးဘယ်လောက်မြင့်မြင့် ပဲလေ့စ်က တိုက်စစ်ဖွင့်ကစားတတ်တဲ့အသင်းမျိုး မဟုတ်ဘဲ ထိန်းကစားပြီး တန်ပြန်တိုက်စစ်နဲ့သာ ကစားတတ်တဲ့ အသင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့်ဒီပွဲမှာ အောက်အသင်းပဲလေ့စ်နဲ့ ဂိုးအောက်ကို နှစ်ကျပ်ကွက် ရွေးချယ်ပေးချင်ပါတယ်။

◾ဘန်လေ Vs ဝုဗ်

ဝုဗ် အဓိက ကစားသမားတွေ ဒဏ်ရာရနေတာရယ် အမှတ်မလိုအပ်တာတွေကြောင့် လူငယ်ကစားသမားတွေကို ပွဲထုတ်လာတာတွေ့ရသလို အာရုံစူးစိုက်မှု အပြည့်အဝ မထားတာမျိုး တွေ့လာရပါတယ်။ ဒီအချိန်မှာ ဘန်လေက အနိုင်ရဖို့အသည်းအသန်လိုအပ်နေသလို ဘန်လေအနိုင်ရသွားမယ်ဆို တန်းဆင်းဇုန်တိုက်ပွဲက ပိုမိုစိတ်ဝင်စားဖို့ ကောင်းလာမှာ ဖြစ်ပါတယ်။ ဝုဗ်အနေနဲ့ အမှတ်ရောင်းလို့ရတဲ့ အခြေအနေဖြစ်တာကြောင့် မသိမသာ လုပ်ပွဲတွေတောင် ဖန်တီးလာနိုင်ပါတယ်။ အခုအိမ်ကွင်းပွဲမှာ ဘန်လေအ မရှုံးနိုင်ပါဘူး။ သရေနဲ့ အနိုင်တစ်ခုခုသာ ဖြစ်နိုင်ပါတယ်။ ဆယ်ပြားရင်းပြီး အိမ်ရှင်ဘန်လေကို ရွေးချယ်သင့်ပါတယ်။

◾ဝက်စ်ဟမ်း Vs စပါး

လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်သလို အမှတ်လိုအပ်ချက် ရှိနေတဲ့ အဝေးကွင်းစပါးကြောင့် ကြည့်လို့ကောင်းမဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းရဲ့ တိုက်စစ် တွဲလုံးက တော်တော်လေးအတွဲမိနေပြီး သွင်းဂိုးရဖို့ လုံးဝစိတ်မပူရတဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားပါတယ်။ စပါးကလည်း တိုက်စစ်ကစားတတ်တဲ့အသင်းမျိုး ဖြစ်ပြီး တစ်ဂိုးနဲ့နိုင်နေရင်တောင် ထိန်းကစားတတ်တဲ့အသင်းမျိုးမဟုတ်ဘဲ နောက်တစ်ဂိုးထပ်သွင်းဖို့ ကြိုးစားတတ်တဲ့အသင်းမျိူး ဖြစ်ပါတယ်။ ဒီပွဲမှာ အဝေးကွင်း စပါးအသင်းက ပြားကိုးဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးရှစ်ဆယ်စားအထိ မြင့်တက်လာတာ တွေ့ရပါတယ်။ စပါးအသင်း ပထမအကျော့ အိမ်ကွင်းပွဲစဉ်က အရှုံးကို လက်စားချေဖို့ ကြိုးစားလာမှာ ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အတွက်ဆို အနိုင်ကစားမယ်ဆိုတဲ့ ဦးတည် ချက်တစ်ခုသာ ရှိပါတယ်။ ဒီအချိန်မှာ သူ့အထက်က ဗီလာ မန်စီးတီးနဲ့ ကစားရမှာ ဖြစ်တာကြောင့် ဒီပွဲအနိုင်ရရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဗီလာအသင်းကို ချန်ပီယံလိဂ်ထက် ယူရိုပါလိဂ်လောက်သာ ပေးကစားချင်တာကြောင့် ဒီည စပါးအသင်းကို အနိုင်ပေးချင်ပါတယ်။

◾ဂျူဗင်တပ် Vs လာဇီယို

အီတလီ ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ပွဲစဉ်မို့ အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေညကတင် လာဇီယိုကွင်းမှာ အမှတ်ပေးပွဲစဉ်ကစားခဲ့ရပြီး အိမ်ရှင်လာဇီယို အနိုင်ရသွားပါတယ်။ အခု ဖလားပွဲစဉ်မှာ နှစ်ကျော့ ကစားရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်သလို လာဇီယို နည်းပြအသစ်က စီရီးအေဝါရင့် အတွေ့အကြုံရှိတာကြောင့် အဝေးကွင်းပွဲစဉ်မှာ ထိန်းကစားလာနိုင်ပါတယ်။ ဘော်ဒီကြေး တစ်လုံး ခုနစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးသရေ ပေါက်ကြေးအရ ဘော်ဒီနဲ့ ဂိုးပေါင်းကြေးက လုံးဝမမျှတတဲ့ ပေါက်ကြေးဖြစ်ပါတယ်။ ဂျူဗင်တပ်နိုင်သွားလည်းတစ်ဂိုး၊ မနိုင်ရင် ဂိုးမရှိသရေဆိုတဲ့ အနေအထားမျိုးဖြစ်လာနိုင်ပါတယ်။ ဂိုးပေါင်းကြေး သုံးဂိုးထိရောက်ဖို့ လုံးဝမလွယ်ကူဘဲ အလွန်ဆုံးရောက်ခဲ့ရင်တောင် နှစ်ဂိုးလောက်သာ ဖြစ်နိုင်ပါတယ် ။ ဒီပွဲမှာ ဂိုးအောက်ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။

◾ဆာဘရီကန် Vs ကိုင်ဇာစလော့တန်

ဂျာမာန် ပိုကယ်ဖလားပွဲစဉ်တစ်ပွဲဖြစ်ပြီး ဂျာမာန်လိဂ်(သုံး) ကလပ် ဆာဘရီကန်နဲ့ လိဂ်(နှစ်) ကလပ် ကိုင်ဇာစလော့တန် ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။ လိဂ် (သုံး) ကလပ် ဆာဘရီကန်က ဂျာမနီရဲ့အဆင့်အမြင့်ဆုံးလိဂ်က အသင်းကြီးတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဂလာဘတ်နဲ့ ဖရန့်ဖတ်လိုအသင်းတွေကို ဖြတ်ကျော်လာပြီး ဒီအဆင့်ကိုရောက်ရှိတာဖြစ်ပါတယ်။ ကိုင်ဇာစလော့တန်က လယ်ဗယ်တူအသင်းတွေကို ကျော်ဖြတ်လာတာ ဖြစ်ပါတယ်။ ဆာဘရီကန် သူ့အိမ်ကွင်းမှာ အသင်းကြီးတွေကို ကျော်ဖြတ်လာတာ ဖြစ်သလို အခုအိမ်ကွင်းမှာ ကစားရမယ်ဆိုတဲ့ အချက်က သူတို့အသင်းနဲ့ ပရိတ်သတ်တွေအတွက် အဓိကအားသာချက် ဖြစ်ပါတယ်။ ဒီပွဲမှာ အဝေးကွင်း ကိုင်ဇာစလော့တန်က ပြားနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စားဖြစ်ပါတယ်။ အသင်းငယ်လေး ဆာဘရီကန်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုချင်သလို အခုအိမ်ကွင်းပွဲမှာလည်း အင်တိုက်အားတိုက် ကစားလာမှာ ဖြစ်တာကြောင့် အိမ်ရှင်ကို ရွေးချယ်ပေးချင်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *