April 29, 2024

၂၉. ၃. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သင်ခရိုင်ရွာက ဦးတင်ရှိန်ဆိုသူကို “သတင်းပေး၊ ဒလန်”လို့ စွပ်စွဲပြီး သတ်ဖြတ်လိုက်တယ်လို့ BTZM GBK PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီသတ်ဖြတ်မှုကို မနေ့က ည ၇ နာရီမှာ ကျုးလွန်ခဲ့တာဖြစ်ပြီး သတ်ဖြတ်ကြသူတွေကတော့ BTZM GBK PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပဲခူးတိုင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ (၃) နတ်စစ်သည် နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ပေါင်းပြီး သတ်ဖြတ်ကြတာပါ။

BTZM GBK PDF အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်ကလည်း ရုံးချောင်းရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးသောင်းကြည်နဲ့ သားဖြစ်သူကိုနိုးတူးကို အုပ်စုနှစ်စုနဲ့ နှစ်နေရာခွဲပြီး ရှာဖွေသတ်ဖြတ်ရာမှာ အုပ်ချုပ်ရေးမှူးဦးသောင်းကြည်ကို ဖမ်းမိပေမဲ့ သားဖြစ်သူကိုနိုးတူးကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ BTZM GBK PDF အဖွဲ့က ဖမ်းမိတဲ့ ဦးသောင်းကြည်ကို လက်ပြန်ကြိုးတုပ်ပြီး လည်လှီးသတ်ဖြတ်လိုက်တယ်လို့လည်း သိရပါတယ်။

ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးတွေ အများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ဆရာဆရာမ အပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦးနဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၇၀၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သတ်ဖြတ်မှု ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *