April 29, 2024

၂၉. ၃. ၂၀၂၄
Written by KL

မွန်ပြည်နယ်၊ ရေးမြို့၊ အဏ္ဍဝါရပ်ကွက်၊ ဖားအင်းခြံစုမှာ တူမရဲ့ယောင်္ကျားက ဦးလေးတော်စပ်သူကို ဓားနဲ့ထိုးသတ်မှုတစ်ခု မတ်လ ၂၈ ရက် နေ့လယ်၂ နာရီခွဲလောက်က ဖြစ်ပွားခဲ့ပါတယ်။

“အနီးအနားက ဒေသခံတွေပြောတာကတော့ အပြင်ကပြန်လာပြီး နှစ်ယောက်သား စကားများရာကနေ ဓားထိုးမှုဖြစ်ခဲ့တာ”လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဣစ္ဆာသယ လူမှုကူညီရေးအသင်းက အသင်းဝင်တစ်ဦးက ပြောပါတယ်။

ဓားထိုးခံရတဲ့ ဦးလေး​တော်စပ်သူ အမျိုးသားက အသက် ၄၀ ခန့်ရှိပြီး လည်ပင်းမှာဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့တာကြောင့် ရေးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်စဥ်မှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရသလို ဓားနဲ့ထိုးတဲ့ တူမရဲ့ အသက် ၂၅ နှစ်အရွယ် ယောင်္ကျားကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓားထိုးခံရတဲ့လူနာကို ဣစ္ဆာသယ လူမှုကူညီရေးအသင်းက အသင်းဝင် ၃ ဦးနဲ့သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *