April 28, 2024

၂၉. ၃. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယားက နာမည်ကြီးကေပေါ့ပ်အဖွဲ့တွေထဲက ဒုတိယမျိုးဆက်ထဲ နာမည်အကြီးဆုံးအဖွဲ့တစ်ဖွဲ့လို့ပြောလို့ရမဲ့ Super Junior အဖွဲ့ထဲက အဖွဲ့ဝင် Ryeowook ဟာ သူ့ရဲ့ ချစ်သူဖြစ်တဲ့ TAHITI အဖွဲ့ဝင်ဟောင်း Ari နဲ့ လက်ထပ်တော့မယ်လို့ ဒီနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဆိုတော်အနေနဲ့ ပွဲဦးထွက်တာ ၁၉ နှစ်ရှိပြီဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် Ryeowook ဟာ သူ့ရဲ့ မင်္ဂလာသတင်းကို အင်စတာဂရမ်အကောင့်ကတစ်ဆင့် လက်ရေးစာနဲ့ ဒီနေ့မှာ ပရိသတ်တွေကို ကိုယ်တိုင် အသိပေးခဲ့တာဖြစ်ပြီး Super Junior အဖွဲ့ဝင်တွေ၊ အေဂျင်စီဝန်ထမ်းတွေနဲ့ အချိန်အတော်ကြာ ဆွေးနွေးပြီးတဲ့နောက် လာမဲ့မေလနှောင်းပိုင်းမှာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

Ryeowook နဲ့ Ari တို့ဟာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက စတင်ကာ သူတို့ရဲ့ ဆက်ဆံရေးကို ပထမဆုံး အတည်ပြုခဲ့တာဖြစ်ပြီး အခု မင်္ဂလာသတင်းအပေါ်လည်း ပရိသတ်တွေက ဂုဏ်ပြု ဝမ်းသာပေးလျက်ရှိနေကြပါတယ်။

Ryeowook ဟာ ၂၀၀၅ ခုနှစ်မှာ Super Junior အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ပြီး အခုလက်ရှိအချိန်ထိလည်း အဖွဲ့နဲ့အတူ လှုပ်ရှားနေဆဲဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် Ari ကတော့ ၂၀၁၂ ခုနှစ်က TAHITI အဖွဲ့ဝင်တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ TAHITI အဖွဲ့ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *