April 29, 2024

၂၉. ၃. ၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ နာခေါ်ကျေးရွာ ပြည်သူ့စစ်ဂိတ်အနီးမှာ ဆယ်အိမ်မှူး တစ်ယောက်ကို ဆိုင်ကယ်လုပြီး ဖန်ဂေါ်လီနဲ့ပစ်ခတ်ရတဲ့လုပ်သေနတ်နဲ့ လူသတ်မှုကျုးလွန်ခဲ့တဲ့လူငယ် ၂ ယောက် ကို မတ်လ ၂၆ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းမိထားတယ်လို့ သိရပါတယ်။

ဖမ်းမိထားတဲ့ လူငယ်တွေကတော့ အသက် ၂၀ အရွယ် ကိုကျထောလေးနဲ့ အသက် ၁၈ နှစ်အရွယ် ယားပါစိုးတို့ဖြစ်ပြီး ဖန်ဂေါ်လီလုပ်သေနတ်နဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဒီလူငယ် ၂ ယောက်ဟာ မတ်လ ၂၀ ရက်နေ့က ဆိုင်ကယ်နဲ့ခြံထဲသွားတဲ့ ဝမ်ယန်းမိုင်ကျေးရွာက အသက် ၅၀ အရွယ်ရှိတဲ့ ဆယ်အိမ်မှူးဦးဆုဇာလိန်ကို ဖန်​ဂေါ်လီနဲ့ပစ်ခတ်ရတဲ့ လုပ်သေနတ်နဲ့ပစ်ခတ်ပြီး ဆိုင်ကယ်လုခဲ့တာဖြစ်ပါတယ်။

ဆယ်အိမ်မှူးကို မိသားစုဝင်တွေနဲ့ တာဝန်ရှိသူတွေက လိုက်လံရှာဖွေတဲ့အခါမှာ မတ်လ ၂၁ ရက်က နားခေါ်ကျေးရွာ ပြည်သူ့စစ်ဂိတ်နဲ့ သိပ်မဝေးတဲ့ ဝက်ခြံဟောင်းထဲမှာ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရ​ပြီး စီးသွားတဲ့ဆိုင်ကယ်လည်း ပျောက်ဆုံးနေခဲ့တာပါ။

မတ်လ ၂၆ ရက်နေ့က ပျောက်နေတဲ့ဆိုင်ကယ်ကို ဆိုင်ကယ်ဆိုင်မှာလာပြင်တဲ့ လူငယ် ၂ ဦးကို သံသယရှိလို့ တာဝန်ရှိသူတွေက ဖမ်းဆီးစစ်ဆေးရာကနေ ဆိုင်ကယ်လုယက် လူသတ်မှု ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News