April 29, 2024

၂၉. ၃. ၂၀၂၄
Written by Nay Moe

စလင်းမြို့နယ်၊ တညောင်တိုက်နယ်၊ ကျွဲခြံအုပ်စု၊ ကျွဲခြံရွာမှ သတင်းပေး ဦးမြင့်အောင်ဆိုသူက စစ်မှုထမ်းဖို့နဲ့ပျူစောထီး(ပြည်သူ့စစ်) သင်တန်းအတွက် ကျွဲခြံအုပ်စုအတွင်း စည်းရုံးရေးဆင်းပေးနေပြီး ပြည်သူအပေါ် ကုတ်သွေးစုပ်မှု ပြုလုပ်နေတယ် တိုင်ကြားချက်အရ မတ်လ ၂၆ ရက် ည ၉ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ ဦးမြင့်အောင်ကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ-စလင်း) ညအိပ်ဖို့ ပြင်ဆင်နေချိန် ဝင်ပစ်သတ်လိုက်တာပါ။

စလင်းပကဖဟာ စစ်မှုထမ်းဖို့လုပ်ဆောင်သူတွေကို လိုက်လံသတ်ဖြတ်နေတာဖြစ်ပြီး ဦးမြင့်အောင်က စစ်မှုထမ်းဖို့လုပ်ဆောင်လို့ဒုတိယမြောက်သတ်ခံရတာဖြစ်ပြီး သူ့ဆီက ဖုန်းတွေလည်း လုယက်ခဲ့တယ်လို့ စလင်းပက ပြောပါတယ်။

ပထမဆုံး စလင်းပကဖသတ်ဖြတ်လိုက်တာက မတ်လ ၁၈ ရက် ည ၁၀ နာရီခွဲခန့်မှာ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပုခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးဟာ ကျေးရွာနေ ပြည်သူတွေကို အသံချဲ့စက်နဲ့ စစ်မှူထမ်းဖို့ နှိုးဆော်ရှင်းပြနေချိန် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အလစ်ဝင် ပစ်ခတ်လို့ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News