April 29, 2024

၂၉. ၃. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာက ကားနဲ့ထွက်လာတဲ့ မြင်းချင်းရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင် အပါအဝင် ၃ ဦးကို ရွှေဘို PDF ၁၅ ဖွဲ့ပေါင်းပြီး ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်လိုက်ပါတယ်။

ဖြစ်စဥ်က မတ်လ ၂၈ ရက် မနက် ၉ နာရီ မိနစ် ၄၀ ခန့်မှာ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်နဲ့ ဇနီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကိုကောင်းကောင်းတို့ သုံးဦးဟာ ရွှေဘိုမြို့ သွားရောက်ပြီး လစာထုတ်ဖို့ မတ်တူး အဖြူရောင်ကားနဲ့ ကျွန်းတောလမ်းအတိုင်း ထွက်လာချိန် ရွှေဘို PDF ၁၅ ဖွဲ့က အိမ်ကြိုအိမ်ကြားအကာအကွယ်ယူပြီး သေနတ်နဲ့အချက်ရေ ရာချီ ချောင်းပစ်ခဲ့တာကြောင့် သုံးဦးစလုံးသေဆုံးခဲ့ပြီး AK 47 တစ်လက်သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။

ဒီလိုချောင်းမြောင်းပစ်ခတ်မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျား၊ သိင်္ခအားမာန်၊ မဟူရာ ရွှေဘိုသား၊ HG FIGHTRS (LPDF)၊ ဖျံ အဖွဲ့၊ စွန်ရဲရွှေဘို (LPDF)၊ Shwebo Crocodile၊ Young NI၊ ဒေါင်းမင်း အဖွဲ့၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ တန ၂ တပ်ပေါင်းစု၊ တန ၅ တပ်ပေါင်းစု၊ ရှင်းရှင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ)နဲ့ ဇာမဏီဒေါင်း(ဒပယ)တပ်ဖွဲ့တို့ပူးပေါင်းကျုးလွန်ခဲ့တာပါ။

ဒီ PDF အဖွဲ့တွေကပဲ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်မှာ ရွှေဘိုထွေအုပ်ရုံးက အသက် ၅၃ နှစ်အရွယ် အငယ်တန်းစာရေးဒေါ်မြမြငြိမ်းကို ညအချိန်ဝင်ဖမ်းပြီး လက်ပြန်ကြိုးတုပ်ကာ နဖူးကိုပစ်သတ်ခဲ့ကြပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *