April 27, 2024

၂၈. ၃. ၂၀၂၄
Written By Thandar

ပရိသတ်တွေက စူစူလို့ ချစ်စနိုးခေါ်ဆိုတဲ့ မင်းသမီးအိချောပိုကတော့ သမီးလေးမေမေဖြစ်တော့မယ်လို့ ပရိသတ်ကိုချပြလာပါတယ်။

“ကလေး ချစ်တတ်တော့ ရရင်တော့ယူမှာပါ။ သားသမီးဆိုတာ ရတနာတစ်ပါးဖြစ်လို့ ရရင် ဘာလေးရရပါ။အနုပညာ အလုပ်ကတော့ ဝါသနာပါတော့ ဆက်လုပ်နေမှာပါ။ ကလေးရရင်လည်း အချိန်အတိုင်းအတာ တစ်ခုအထိ ခဏတော့နားမှာပါ။ ယောကျာ်းဆီက လက်ဆောင် မမျှော်လင့်ပါဘူး။ ခုကတော့ သမီးလေး‌လွယ်ထားရတာပါ” လို့ သရုပ်ဆောင် အိချောပိုက ပရိသတ်သိအောင်ပြောခဲ့ပါတယ်။

မတ်လ ၁၅ ရက်နေ့က မင်းသမီး အိချောပိုရဲ့ ပထမဆုံး ရင်သွေးလေးတွက် Baby Gender ပွဲကို Le Planteur Restaurants & Lounge မှာ ကျင်းပခဲ့ပြီးလည်းဖြစ်ပါတယ်။

ချစ်သူ သက်တမ်း ၄ နှစ်ကျော်ရှိခဲ့တဲ့ အိချောပိုနဲ့ Moses Mone တို့ရဲ့ Wedding Dinner အခမ်းအနားကို ရန်ကုန်မြို့ Inya Lake ဟိုတယ် ( Pool Side Lawn) မှာ ဇန်နဝါရီ ၁၂ ရက် ညနေ ၅ နာရီခွဲက ကျင်းပခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *